ကျီးပေါင်းရောဂါအတွက်ဆေးနည်းတစ်လက်
မြန်မာအိုင်တီနန်းတော်မှ အဖွဲ့သား "thart wah" ၏
"အခြားရောဂါတွေထက်အခုလူဖြစ်များလာတဲ့ ကျီးပေါင်းရောဂါအတွက်ဆေးနည်းများတင်ပြစေချင်ပါတယ် " ဟူသောတောင်းဆိုမှု့အရ
အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
၁။ယခုခေတ်တွင် ဘီယာ သောက်သုံးသူများပြားလာပါသည်။
၂။ဘီယာသည် ယူရစ်အက်စစ်များပြားစေပြီး ၀မ်းတွင်းသားနှင့် မြေအောက်ပေါက်ပင်များ ဥများနှင့်တွဲဖက်စားသုံးပါက
တနှစ်နှင့် နှစ်နှစ်အကြားတွင် ASO များလာပြီး အဆစ်အမြစ် ရောင်ရမ်းခြင်း ကိုယ်လက်ကိုက်ခဲခြင်း အရိုးများအတက်ထွက်ခြင်း
အရိုးကျီးပေါင်းတက်ခြင်း ဝေဒနာတို့ကို ခံစားရပါသည်။
၃။ကုသနည်း(၂)မျိုးရှိပါသည်။
(က)။ သင်္ဘောသီးအစေးအားသောက်ဆေးအနေဖြင့်ကုသခြင်း။
(ခ)။ဖုန်းမသိမ် ပင် အားပြုတ်ပြီး ရေချိုးခြင်း။

-အစာအိမ်ရောဂါရှိသူများမသင့်ပါ။သင်္ဘောသီး၏အစီးအား ပင်နယ်စလင်တစ်ပုလင်း ရယူပြီး ရေတဖန်ခွက်တွင်ဖျော်ပါ။
ထမင်းမစားမီ နံနက် တကြိမ် သောက်ပါ။(ခုနစ်ရက်ဆက်သောက်ပါ)
အရိုးကျိုး ကျောက်ပတ်တီးစည်းထားသူများ မသောက်သင့်ပါ။(အရိုးမဆက်ပါ)
သောက်နေဆဲကာလတွင် ချော်မလဲစေရန် ၊ အရိုးမကျိုးစေရန် ဂရုစိုက်ပါ။
ပျောက်ကင်းသွားသူများ အများအပြားရှိပါသည်။

တပင်လုံးအားပြုတ်ပြီး မနက် ည ရေချိုးပါ။
တစ်လ ချိုးရပါမည်။
၎။ ရောဂါခံစားနေရသူများ အရက် ဘီယာ ဖြတ်ထားပါ။
၅။နွားနို့ ၊ ငါးကလေးကြော်၊ကယ်လ်စီယမ် ဓါတ်များပြားသော အစားအစာများကိုရှောင်ပါ။
ကျွန်တော် မသိသေးသောနည်းများရှိပါက ပါဝင်ရေးသား အကြံပြုကြပါရန်။
(အနောက်တိုင်းဆေးဖြင့်မပျောက်သူများ ၊ သွားလာရေးခက်ခဲသူများအတွက်သာရည်ရွယ်ပါသည်)

No comments:
Post a Comment