Sunday 29 July 2012

Sumatra PDF 2.2.6553 + Portable

သူငယ်ချင်းတွေအတွက်တင်ပေးလိုက်ပါတယ် PDF ဖိုင်လေးပါ
လိုချင်သူတွေယူသွားပါကျွန်တော်စေတနာကိုရှေ့ထားပြီတင်ပေးလိုက်ပါတယ်
 

လိုချင်သူများယူလိုက်ပါ

download နော်











Sumatra PDF 2.2.6553 + Portable | 9.28/10.37 Mb ဒါလေးပဲရှိတယ်နော်

Thursday 19 July 2012

ဇော်ဂျီ ဖေါင့် 32 and 64 bit

ဇော်ဂျီဖေါင့်မရှိသေးသောသူများအတွက်ပါ တချို့ကွင်ပျူတာက 32 bit ပဲရှိတယ်
နောက်တစ်မျိုးကတော 64 bit ဆိုပြီရှိတယ် သူငယ်ချင်းများအတွက် တွဲပြီတင်ပေးလိုက်ပါတယ်



  zaw gyi 32 bit      download 
  zaw gyi 64 bit     download

အားလုံးအဆင်ပြေပါစေ။

ပိတ်ထားတဲ့ဝက်ဆိုက်တွေကိုကျော်ခွကြည့်ကြမယ်

သင့် ကွန်ပျူတာကို အပိတ်အပင် မရှိ Internet သုံးရအောင်။ ပထမဆုံး Ultrasurf software လေးကို ဒေါင်းလုပ်ဆွဲ လိုက်ပါ...ဒေါင်လုပ်ဆွဲ ပြီးသွားရင် software လေးကို Run လိုက်ပါ..Double click ပေါ့ ဗျာ..သိမ့် မကြာခင်မှာပဲ software လေးက ပွင့် လာပြီး IE Page လည်း အလိုလို တက်လာပါလိမ့် မယ်..IE Page လေးကို ပိတ်လိုက်ပါ..software လေးမှာ successfully connected to server လို့ စာတန်းလေး ပေါ်နေပါမည်..IE Page လေးကို ပိတ်ပြီး Mozalla Firefox လေးကို ဖွင့် ပြီး အောက်ပါအတိုင်း အဆင့် ဆင့် သွားလိုက်ပါ..Tool>Option>Advance>Netwrok>Settings>Manuel Proxy comfrguration မှာ click တစ်ချက်ခေါက်ပြီ..ဒီဂဏန်းလေးတွေ ရိုက်ထည့် လိုက်ပါ..127.0.0.1   Port နေရာမှာ 9666 သုံးလုံးကိုရိုက်ပြီး OK လုပ်ပေးလိုက်ပါ.(ပုံ ၂ မှာ ကြည့် ပါ) အားလုံးလုပ်ပြီးသွားရင် သင့် ကွန်ပျူတာဟာ အပိတ်အပင် မရှိ မည့် သည့် ဆိုဒ် ကို မဆိုအပိတ်အပင်မရှိ သုံးနိုင်ပါသည်။ Gmail အကောင့် တွေလည်း အဲ့ ဒီနည်းနှင့် ကျော်ပြီး လိုသလောက်ဖွင့် နိုင်ပါတယ်ဗျာ..software လေးက 1 Mb ကျော်လေးပဲရှိပါတယ်  Size သေးတဲ့ အတွက် ဒေါင်းရတာလည်း မြန်ပြီး သုံးရတာလည်း အဆင်ပြေပါတယ်.......
 ဒီနေရာမှာဒေါင်းယူလိုက်ပါနော် သူငယ်ချင်းများ
အားလုံးအဆင်ပြေပါစေ။









 ကြိုက်တဲ့ဟာကိုနိပ်လို့ရပါတယ်










 ဒီနေရာမှာဒေါင်းယူလိုက်ပါနော် သူငယ်ချင်းများ
အားလုံးအဆင်ပြေပါစေ။











Wednesday 18 July 2012

Icon လုပ်တဲ့ Software...

သူငယ်ချင်းတွေအတွက် icon လှလှလေးလုပ်ချင်တဲ့သူတွေအတွက်
ကျွန်တော်တင်သွင်းပေးလိုက်ပါတယ်။ လိုချင်တဲ့သူငယ်ချင်းများယူ
သွားပါ။ ယူမယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါအားလုံးအဆင်ပြေပါစေ။


dwonload
ရခိုင်သားလေး
အားလုံးအဆင်ပြေပါစေ။

120. Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……

လုပ်နည်းတွေက အများကြီးပဲ ..အလွယ်ဆုံးနည်းကို ပြောပြမယ် ….
service@gtalk2voip.com ကို ကိုယ့် Gtalkထဲကို Add လိုက်ပါ ….
ကိုယ်နဲ့ ပြောချင်တဲ့ သူတွေလဲ
service@gtalk2voip.com ကို အကုန်လိုက် Add ပါ … ပြီးရင် …Master
လုပ်မည့် သူရဲ့ အလုပ်ကို အရင်ပြောမယ် … Master လုပ်မည့်သူက …
service@gtalk2voip.com ကို ချက်ဘောက်ထုတ်ပြီး .. conf လို ရိုက်
..ပြီးရင် Enter ခေါက် .. ။ ဒီလိုလေး





















ပြီးရင် Service ကနေ Master လုပ်တဲ့ သူဆီကို Misscall ၀င်လာမယ် …
Answer လိုက်ပါ … ။

Wednesday 11 July 2012

မိုးကြိုး၊သက်တန့်ရောင်ထည့်ပြီးလုပ်မယ်နော်

photo software လေးပါကိုဓါတ်ပုံလေးကို မိုးကြိုး သက်တန့် လေးတွေထည့်လိုရတဲ့ software လေးပါလိုချင်ရင်ယူလိုက်ပါ

  6.68MB လေးပဲရှိပါတယ်

 
download    ယူမယ်ဆိုရင်










Saturday 7 July 2012

Cookies and Temporary Files ဆိုတာ ဘာပါလိမ့်!!!

Cookies, Temporary files, 
Cookies ဆိုတာ ဘာလဲ!!!
Cookies ဆိုတာဟာ ကွန်ပြူတာထဲမှာ အလုပ် လုပ်နေတဲ့ Application Files အမျိုးအစားတစ်ခုတော့ မဟုတ်ပါဘူး။ ကွန်ပြူတာထဲမှာ ရှိတဲ့ Internet Browser များက ဖွင့်ခဲ့သော စားသားအချို့၊ ဆိုဒ်အချို့ရဲ့ လိပ်စာ အကြောင်းအရာများကို သင့်ကို နောက်တစ်ကြိမ်ပြန်ဖွင့်လျှင် အော်တိုသိအောင် အော်တို ဆေ့ထားတဲ့ ဖိုင်အမျိုးအစား အငယ်စားများကို ခေါ်ပါတယ်။ ဥပမာ သင်က သင်စိတ်ဝင်စားသော ဆိုဒ်တစ်ခုကို ဖွင့်ဖတ်ပြီး ပြန်ပိတ်လိုက်တယ်။ ၄င်းဆိုဒ်ကို နောက်တစ်ကြိမ်ပြန်ဖွင့်လျှင် လွယ်ကူ ချောမွေ့စွာဖြင့် မြန်မြန်ဆန်ဆန် ဖွင့်လို့ရအောင်၊ မှတ်မိအောင် ပြုလုပ်ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ သို့သော် သင့်စက်မှာ ကွတ်ကီးတွေ များနေလျှင်လည်း သင်အင်တာနက်ကို အမှန်အကန် လေးစေပါတယ်။ အင်တာနက် ဆိုဒ်များက မိမိတို့ဆိုဒ်ကို ဒီလူ လာလည်သွားတယ်ဆိုတာကို ခြေရာခံတဲ့ လမ်းစ၊ သဲလွန်စ တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဘယ်လို ဖျက်ထုတ်မလဲ ဆိုတာကို အောက်ပါ ပုံများကို ကြည့်ပါ။
မော်ဇီလာ တွင် ဖျက်ရန်
 
 
 
 
 
 
 
 
 Googel Chrome တွင် ဖျက်ရန်
 
 
 
 
 
 
 
 
 
 
 
http://answers.yahoo.com/question/index?qid=20061017110002AAjAn6L
Temporary Files
Temporary File ဆိုတာကတော့ သင့်စက်ထဲမှာ ရှိတဲ့ ဆော့ဝဲလ် တစ်ခုခုဟာ တစ်ခုခုသော ရည်ရွယ်ချက်နဲ့

Thursday 5 July 2012

Virus များအကြောင်း

သူများရေးထားတာကို တွေ့တာနဲ့ ကောက်တင်လိုက်တာပါ။ ဗဟုသုတပေါ့။
စိတ်ဝင်စားမယ်ဆိုလည်း ဖတ်ကြည့်ပေါ့။ သိထားသင့်သော အကြောင်းအရာများပါပဲ။ ဒီနေရာမှာ ဖတ်ရန်အတွက် ဒေါင်းလုပ်ရယူပါ။

Gtalk Virus

တခြားလူနဲ့ ပြောဖို့အတွက် ဂျီတော့ ဖုန်းခေါ်လိုက်တာနဲ့ အင်တာနယ် အယ်ရာ ဆိုပြီး ဂျီတော့မှာ ပေါ်လာပြီး ရက်စ်နဲ့ နိုး နှစ်ခုပြလာပါတယ်။ ကြိုက်ရာကို နှိပ်လိုက်ပါ။ သင့်ဂျီတော့ ကျသွားပါလိမ့်မယ်။ အကယ်၍ သင့်ကွန်ပြူတာမှာ အဲဒီလိုဖြစ်လာပြီဆိုလျှင် သေချာပါတယ်။ Fixprivatecam ခေါ်  Gtalk Virus  ရောက်နေလို့ပါ။ အဲဒီလိုမျိုး ကြုံတွေ့လာမယ်ဆိုလျှင် ဒီကောင်လေးကို ဒေါင်းပြီး ရမ်းလိုက်ပါ။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။
         သင့်စက်မှာ အန်တီရှိနေလင့်ကစား ၄င်းက ဗိုင်းရပ်အဖြစ် ရပ်တည်ခြင်းမရှိဘဲ System file တစ်ခုလိုမျိုး ပြုမူနေထိုင်ပါတယ်။ ဒီဆော့ဝဲလ်လေးကို ရမ်းလိုက်မှ သင်တင်ထားတဲ့ အန်တီဟာ သဘောပေါက်ပြီး သတ်ပေးပါလိမ့်မယ်။
သစ်ယာအိုက် မှ ကူးယူထားပါတယ် ။
ရခိုင်သားလေး

G-talk နဲ့Mobile ဖုန်းခေါ်မယ် free



နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါဗျာ ...

စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူးဗျာ ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1

အသုံးပြုနည်းကတော့ ....

Wednesday 4 July 2012

ရေစက်ချရခြင်းအကြောင်း

တကယ်တော့ရေစက်ချတယ်ဆိုတာ “ရှေးထုံးလည်းမပယ်နဲ့၊ ဈေးသုံးလည်းမလွယ်နဲ့”ဆိုတဲ့စကားအတိုင်း ဘုရားလောင်း ဝေဿန္တရာမင်းကြီးဘ၀တုန်းက လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တစ်ခုကို အတုယူပြီး လိုက်လုပ်နေကြတာပါ။ ဝေဿန္တာမင်းကြီးက ဆင်ဖြူတော်လှူတုန်းက ဆင်ဖြူတော်ရဲ့နှာမောင်းကို အလှူခံပုဂ္ဂိုလ်တွေကိုကိုင်ခိုင်းထားပြီး ရေစက်ချခဲ့ဖူးတယ်။ သားတော်ဂဏှာနဲ့၊ သမီးတော်ဇာလီကို ဇူဇကာပုဏ္ဏားကိုလှူတုန်းကလည်း ရေစက်ချ ဘုရားဆုပန် လှူဒါန်းခဲ့ဖူးပါတယ်။ ရှေးသူတော်ကောင်းတွေပြုလုပ်ခဲ့ဖူးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်လည်း နောင်လူနောင်သားတွေ လိုက်လုပ်သင့်ပါတယ်။ တကယ်တော့ ရေစက်ချတယ်ဆိုတာကလည်း အဓိပ္မါယ်တွေများကြီးရှိပါတယ်။ ရေကို လှူဖွယ်ဝတ္တုအနေနဲ့တင်စားပြီး အချက်(၃)ချက်နဲ့အညီ ရေစက်ချတာပါ။
(၁) မချီမနိုင်သော ပစ္စည်းဝတ္တုကို ချီမလွယ်ကူသော ရေနှင့်တင်စားခြင်း။
(၂) ရေ၌ ကြည်လင်အေးမြသန့်ရှင်းမှုရှိနေသလို့ အလှူရှင်တွေရဲ့ စိတ်မှာလည်း ကြည်လင်သန်ရှင်းနေပါကြောင်းတင်စားခြင်း။

ကံကောင်းစေသော ကုသိုလ် ၅မျိုး(တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်)

တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်။ ရဝေနွယ်-အင်းမ




စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။?
ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ် ထားသလား။?

ဘယ်လိုဖြစ်နေနေ မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်  ကံကိုပြင်လိုက်ပါ။


၁။ ”၀သဘ ၏ သာမန်ဘ၀”

     သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရား ပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့ သူအားလုံးကို သတ်စေလို့ မိန့် ပါတော့တယ်။

၂။ အသက်ဘေးက လွတ်ပြီ။

        ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ ၀သဘ ကို မင်းဆီ အပ်ဖို့ မိန်းမ လုပ်သူကို ပြောပါတယ်။ သူရာထူး တိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ ခေါ်သွားတာ ဆိုတာကို သိတဲ့ စစ်သူကြီး ကတော်က ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေး လိုက်ပါတယ်။

       စစ်သူကြီး နန်းတော်တံခါးဝ ရောက်လို့ ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာ တွေ့ပြီး ၀သဘကို အိမ်ပြန် ထုံးယူစေပါတယ်။ ၀သဘ က အိမ်ရောက်တော့ စစ်သူကြီးကတော်က သူ့အကြံအစည် အတိုင်း ဖြစ်လာလို့ ၀မ်းသာအားရနဲ့ ” ၀သဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာ တစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ထွက်ပြေး ခိုင်းလိုက်ပါ တော့တယ်။

ဒါလေးဖတ်ပြီး အသက်ရှည်ပါ..... (ဟာသ)

ပြောင်းတော့မှာလား
"ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့
ရုံးတက်နောက်ကျရတာလဲ"
"ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်"
၂ နှမြောလို့
အလုပ်ကြပ်က မီးထိုးသမားကို ပြောသည်။
"ဘာဖြစ်လို့ အရက်သောက်တာလဲ"
"ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊
ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး
နောက် မျိုချလိုက်တာပါပဲ"
"ထွေးပစ်လိုက်ပါလား"
"ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး"
၃ အားကိုးအားထား
"အုပ်ချုပ်ရေးမှူးခင်ဗျား၊ အိမ်ကိုသန့်ရှင်းရေးလုပ်မှာမို့လို့ သူ့ကို ကူပါလို့
မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော် ခွင့်တစ်ရက်လောက် သူပါရစေ"
"ဒီလို အကြောင်းပြချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော် ခွင့်မပေးနိုင်ဘူးဗျာ"
"ကျေးဇူးတင်လိုက်တာခင်ဗျာ၊ ဆရာ့ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော် အစကတည်းက သိပြီးသား"
၎ လက်ပါမှာစိုးလို့(အာဂျင်တီးနားဟာသ)
ရုပ်မြင်သံကြား အစီအစဉ် ကြေညာသူက ပြောသည်။
"ချစ်လှစွာသော ရုပ်မြင်သံကြား ပရိသတ် များ ရှင်၊ ပထမဆုံး သက်တောင့်သက်သာ နေရာယူကြဖို့
မေတ္တာရပ်ခံပါတယ်၊ ပြီးတော့ ရုပ်မြင်သံကြားစက်ကို တစ်ခုခုနဲ့ မပစ်ပေါက်မိအောင်
ကိုယ့်အနားမှာ ရှိတဲ့ လေးလံတဲ့ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရွှေ့ထားလိုက်စေချင်ပါတယ်၊
အခုချိန်ကစပြီး အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးဘဏ္ဌာရေးဝန်ကြီးက ရှင်းလင်း
တင်ပြပါတော့မယ်ရှင်"
၅ သူများဝန်ကို ဆက်ထမ်းနေရတယ်
သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ယောင်္ကျားတစ်ယောက် ကိုယိုတေသည်၊ နှုတ်မှလဲ ပြောသည်။
"သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
"ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
"ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"
၆ သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခု ပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့သတင်း၊ နောက်တစ်ခုက
ကောင်းတဲ့သတင်း၊ အဲ နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက
စပြောမယ်၊ မဖြတ်ရမယ့် ခင်ဗျားခြေတောက်ကို ကျွန်တော်တို့ မှာဖြတ်မိတယ်၊
ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့်ခြေတောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်၊ အဲ
အကောင်းဆုံးသတင်းကတော့ ဘေးအခန်းကလူနာက ခင်ဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့"
၇ ထိတော့ထိတယ်
ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီးဦးဖြိုး နှစ်လဲုးပြူးဖြင့် ပစ်ချလိုက်သည်၊
ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
" ဟော့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
"သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"
၈ လူသတ်သမား
တရားသူကြီးက တရားခံကို မေးသည်။
"စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
"မှိုဟင်းကို မစားချင်လို့"
၉ တောင်းပန်တယ်
အရောင်းစာရေးက ကုမဏီပိုင်ရှင်ကို ပြောသည်။
"လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"
၁၀ အရက်နံ့
"ခင်ဗျားတို့ဆိုင်ရဲ့ စပယ်ရှယ် ၀က်နံရိုးကင်က ဘာဖြစ်လို့ အရက်နံ့ ရနေတာလဲ"
စာပွဲထိုးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဧည့်သည်ကို မေးသည်။
"အခုကော အနံ့ရသေးလားခင်ဗျ"
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏။ ။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်

ကျီးပေါင်းရောဂါအတွက်ဆေးနည်းတစ်လက်(HERBAL MEDICINE)

ကျီးပေါင်းရောဂါအတွက်ဆေးနည်းတစ်လက်
မြန်မာအိုင်တီနန်းတော်မှ အဖွဲ့သား "thart wah" ၏
"အခြားရောဂါတွေထက်အခုလူဖြစ်များလာတဲ့ ကျီးပေါင်းရောဂါအတွက်ဆေးနည်းများတင်ပြစေချင်ပါတယ် " ဟူသောတောင်းဆိုမှု့အရ
အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
၁။ယခုခေတ်တွင် ဘီယာ သောက်သုံးသူများပြားလာပါသည်။
၂။ဘီယာသည် ယူရစ်အက်စစ်များပြားစေပြီး ၀မ်းတွင်းသားနှင့် မြေအောက်ပေါက်ပင်များ ဥများနှင့်တွဲဖက်စားသုံးပါက
တနှစ်နှင့် နှစ်နှစ်အကြားတွင်  ASO များလာပြီး အဆစ်အမြစ် ရောင်ရမ်းခြင်း ကိုယ်လက်ကိုက်ခဲခြင်း အရိုးများအတက်ထွက်ခြင်း
အရိုးကျီးပေါင်းတက်ခြင်း ဝေဒနာတို့ကို ခံစားရပါသည်။
၃။ကုသနည်း(၂)မျိုးရှိပါသည်။
(က)။ သင်္ဘောသီးအစေးအားသောက်ဆေးအနေဖြင့်ကုသခြင်း။
(ခ)။ဖုန်းမသိမ် ပင် အားပြုတ်ပြီး ရေချိုးခြင်း။
(က)။ သင်္ဘောသီးအစေးအားသောက်ဆေးအနေဖြင့်ကုသခြင်း။
     -အစာအိမ်ရောဂါရှိသူများမသင့်ပါ။သင်္ဘောသီး၏အစီးအား ပင်နယ်စလင်တစ်ပုလင်း ရယူပြီး ရေတဖန်ခွက်တွင်ဖျော်ပါ။
      ထမင်းမစားမီ နံနက် တကြိမ် သောက်ပါ။(ခုနစ်ရက်ဆက်သောက်ပါ)
      အရိုးကျိုး ကျောက်ပတ်တီးစည်းထားသူများ မသောက်သင့်ပါ။(အရိုးမဆက်ပါ)
      သောက်နေဆဲကာလတွင် ချော်မလဲစေရန် ၊ အရိုးမကျိုးစေရန် ဂရုစိုက်ပါ။
       ပျောက်ကင်းသွားသူများ အများအပြားရှိပါသည်။
(ခ)။ဖုန်းမသိမ် ပင် အားပြုတ်ပြီး ရေချိုးခြင်း။
     တပင်လုံးအားပြုတ်ပြီး မနက် ည ရေချိုးပါ။
     တစ်လ ချိုးရပါမည်။
၎။ ရောဂါခံစားနေရသူများ အရက် ဘီယာ ဖြတ်ထားပါ။
၅။နွားနို့ ၊ ငါးကလေးကြော်၊ကယ်လ်စီယမ် ဓါတ်များပြားသော အစားအစာများကိုရှောင်ပါ။
ကျွန်တော် မသိသေးသောနည်းများရှိပါက ပါဝင်ရေးသား အကြံပြုကြပါရန်။
(အနောက်တိုင်းဆေးဖြင့်မပျောက်သူများ ၊ သွားလာရေးခက်ခဲသူများအတွက်သာရည်ရွယ်ပါသည်)

ကိုယ်ဝန် ဆောင်အမျိုး သမီးများအား မိခင်နိုင်ငံ သို့ ပြန်ပို့မည့်

ထိုင်းနိုင်ငံ အတွင်းရှိ ရွေ့ပြောင်း အလုပ်သမား အမျိုးသမီး ကိုယ်ဝန်ဆောင် အမျိုးသမီး များကို မိခင်နိုင်ငံ သို့ ပြန်လည် ပို့ဆောင်မည်ဟု ယမန်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်း၏ ဖော်ပြချက်အပေါ် ရွေ့ပြောင်းမြန်မာ အလုပ်သမား အသိုင်းအ၀ိုင်းများက ဝေဖန်လိုက်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးလုပ်သားကာကွယ်ရေးအတွက် ရည်ရွယ်၍ သက်တမ်း မရင့်သေးသူ ကိုယ်ဝန်ဆောင်များကို ပြန်ပို့မည်ဖြစ်ပြီး ကလေးမွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာအလုပ်လုပ် ကိုင်နိုင် ကြောင်းကို ထိုင်းအလုပ်သမားဝန်ကြီး ပါဒါချမ်ဆာဆွမ်ဆပ်က ထိုင်းလွှတ်တော်တစ်ခုတွင် ယင်းကဲ့သို့ အဆိုတင်သွင်းခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

သို့သော် ရွေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မည်သည့်နေ့ရက်တွင် ပြန်ပို့မည်ကို ဖော်ပြထားခြင်း မရှိပေ။

ရွှေ့ပြောင်းမြန်မာများကို အခမဲ့ ဆေးကုပေးလျှက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်း ၏ ဒါရိုက်တာ ဒေါက်တာ စင်သီယာမောင်က ထိုင်းအစိုးရ၏ အစီအစဉ်ကို စိုးရိမ်လျှက်ရှိကြောင်း ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီ(ထိုင်းနိုင်ငံ)မှာ မွေးခွင့်မပေးဘူးဆိုရင်တော့ တချို့ ကိုယ်ဝန်ဖျက်ချမှာပေါ့နော်။ တချို့ကလည်း ဒီမှာ မွေးလို့ မရဘူးဆိုလို့ မြန်မာပြည်ပြန်လိုက်မယ်ဆိုရင် ကလေးမွေးဖွားဖို့ ဆေးရုံ၊ ဆေးခန်းတွေကို ဘယ်လိုသွားရမှာလဲ။ အများစုက အိမ်မှာမွေးကြတာများတော့ အရေးပေါ်အခြေအနေဖြစ်လို့ ကုန်ကျစရိတ်မရှိဘူးဆိုရင် ကိုယ်ဝန် သည်တွေ အသက်ဆုံးရှုံးရမှာပေါ့။”ဟု ပြောသည်။

စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန် ရေသားချက်

သင်္ဘောသားတစ်ယောက်ရဲ့ ပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ တွေ့ကြုံခဲ့ရပြီး အသက်လုခဲ့ရပုံများကို စိတ်လှုပ်ရှားဖွယ် ရေးသားထားပါတယ်။ တော်တော်လည်း စိတ်ဝင်စားဖို့ကောင်းပြီး ငါ သင်္ဘောလိုင်း မလိုက်မိတာတောင် ကံကောင်းပါလားဆိုပြီး တွေးလာပါလိမ့်မယ်။ တစ်ခါတရံတော့ ကျနော်တို့တွေ စိတ်ကူး ယာဉ်ကြည့်ခဲ့ကြဖူးတယ် မဟုတ်လား။
       ကိုယ်ပေါ်မှာ ၀တ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သန်ဗုဒေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….. ထိုအချိန် “ ဒုန်း! “ ကနဲ အသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာခေါင်းနပန်းတွေကြီးကုန်ကြသည်..….
ကျွန်တော်တို့ ရဲ့ နောက်ဆုံးအချိန်ကို ရောက်လာပြီလား…မျက်ရည်များ က အလိုလို ကျလာပြန်သည်…. မှန်ပါသည် …. ကျွန်တော်သည် သဘောင်္တစ်စင်းပေါ်မှာဖြစ်ပါသည်… တိတိကျကျဆိုရသော် အရှေ့ အလယ်ပိုင်းနိုင်ငံ အိုမင်နိုင်ငံအောက် သမုဒရာထဲတွင် သွားနေသော သဘောင်္တစ်စင်းပေါ်တွင်ဖြစ်ပါသည်….. ထိုထက်တိကျရလျှင်…အိုမင်နိုင်ငံအောက်ဘက် သမုဒရာထဲတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း၏ အလယ်တွင်ရောက်နေသည့် CHEMBULK VIRGIN GORDA သဘောင်္ပေါ်တွင်ဖြစ်ပါသည်……


software: Boilsoft Video Joiner v6.57.5

Clone Mode joins same type files in super speed.
Re-encode Mode joins any different format files as you like.
Support join AVI, DivX, MPEG-4 files.
Support join MPEG-1 and MPEG-2 video files.
Support join VOB video files.
Support join RM, RMVB files.
Support join ASF, WMV, WMA files
Support join 3GP(.3gp, .3g2) files
Support join MP4(.mp4, .m4a, .m4v) files
Support join MKV files.
Support join FLV, MTS files in Re-encode Mode.
Support join MPEG Audio and Windows Media Audio.
Join video files as many as you want.
Scramble and rearrange the video clips in the sequence that you exactly desire.
Very User-friendly interface.

 Boilsoft Video Joiner v6.57.5 | 10 Mb

လိုချင်ရင်ဒီမှာဒေါင်းလိုက်ပါ။

Trojan Remover 6.8.4.2607

 6.8.4.2607 | 12.03 MB

trojan remover software   လေးပါကျွန်တော်တော့မသုံးဖူးသေပါဘူး သုံးတတ်တဲ့သူတွေသုံးလို့ရအောင်လိုတင်လိုက်တာပါ မသုံးတတ်တဲ့သူတွေကတော့စမ်းပြီးသုံးကြတာပေါ့ဗျာ ကျွန်တော်လဲပါဘာတယ် သူငယ်ချင်းတွေအားလုံးအဆင်ပြေပါစေ။
ရခိုင်သားလေး
ယူမယ်ဆိုရင်ဒီမှဒေါင်းလို့ရပါတယ်။

Tuesday 3 July 2012

စာလုံးပြောင်းခြင်း

အခုနောက်ပိုင်းမှာ နည်းပညာပိုင်းမှာ လုပ်ဆောင်ပြီး ဦးဆောင်တီထွင်မှုတွေနဲ့ ရှေ့ကနေပြီး လမ်းပြနေတဲ့ လူအများစုဟာ မြန်မာ၃၊ myanmar3 font ကို တီထွင်ခဲ့ကြတာ တော်တော်လေးတော့ ကြာနေပါပြီ။ ဒါပေမဲ့ ဇော်ဂျီဝမ်းနဲ့ အသားကျနေတဲ့ မြန်မာနိုင်ငံသား အများစုဟာ သူတို့ရဲ့ ဗျူဟာနောက်ကို အတိအကျနဲ့ မလိုက်နိုင်သေးပါဘူး။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာမှာတော့ မြန်မာ၃ဟာ မြန်မာပြည်ကို ကိုယ်စားပြု စာလုံးဖောင့်အဖြစ် သတ်မှတ်ခဲ့ပြီးပါပြီ။ ထို့ကြောင့် မြန်မာ၃ နဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တစ်ချို့ကို အခြားလူမျိုးများသုံးနေတဲ့ ကွန်ပြူတာများမှာလည်း ဇော်ဂျီဝမ်းတွေ ဘာတွေ ထည့်မထားသည့်တိုင်အောင် ကျနော်တို့ ဖွင့်ကြည့်လို့ ရနေပါတယ်။ Windows 7 လည်း တင်ထားမယ် ဆိုရင်ပေါ့။

               မြန်မာ၃ ဖောင့်နဲ့ ပတ်သက်ပြီး ကျနော်ကိုယ်တိုင်လည်း ကျွမ်းကျွမ်းကျင်ကျင် မရှိသေးတာ အမှန်ပါ။ ဇော်ဂျီဝမ်းနဲ့ အသားကျနေသူများအတွက် တော်တော်လေးတော့ အချိန်ယူပြီး ပြောင်းရပါလိမ့်မယ်။ မြန်မာ၃ ဟာ ကျနော်တို စာမျက်နှာပေါ်မှာ စာရေးသလိုမျိုး ရေးသားရပါတယ်။ သူ့ရဲ့ လက်ကွက် အနေအထားအရပေါ့။ ဥပမာ... အပြန် ဆိုတဲ့ စကားလုံး ဆိုပါတော့။ ဇော်ဂျီဝမ်းအနေနဲ့ အ ကို တီအက္ခရာ နှိပ်ပြီး စလိုက်မယ်။ ပြီးလျှင် ယရစ်ကို ရေးပြီးမှ အဲဒီ ယရစ်ကြားမှာ ပဇော်ကို ကိုထည့်လိုက်ပြီး နငယ်နဲ့ ငသတ် လိုက်ကြတယ် မဟုတ်လား။ သို့သော် မြန်မာ၃မှာ သင်ရေးမည်ဆိုလျှင်တော့....ကျနော်တို့ စာရေးသည့်အတိုင်း လက်ကနေပြီး ရေးရသည်အတိုင်း ရေးရပါတယ်။
               အကယ်၍ ဒီနည်းအတိုင်း မလုပ်လိုဘူးဆိုလျှင်တော့ မြန်မာဖောင်တွေကို အွန်လိုင်းမရှိသော်လည်း ပြောင်းလို့ ရတဲ့ အော့လိုင်း Converter ကို အသုံးပြုပါ။ ဒီနေရာမှာဒေါင်းလုပ် ရယူပါ။ အထက်က ပုံအတိုင်း သင်ပြောင်းလိုသော ဖောင့်ကို ထည့်ပြီး ပြောင်းလိုတဲ့ ဖောင့်ကို ရွေးခြယ်ပြီး ကွန်ဘတ်လုပ်လိုက်ရုံပါပဲ။ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။