Tuesday 23 April 2013

အင်္ဂလိပ်-ဂျပန် - ရုရှား - ထိုင်း - ကိုးရီယား ငါးဘာသာ အဘိဓာန်ဆော့ဝဲ

အင်္ဂလိပ်-ဂျပန် - ရုရှား - ထိုင်း - ကိုးရီယား ငါးဘာသာ အဘိဓာန်ဆော့ဝဲ

ဒီဆော့ဝဲလေးကတော့ ဘာသာစကား ငါးမျိုးကို အလွယ်တကူ ရှာလို့ လွယ်တာမို့ 

ပြည်တွင်းပြည်ပ အလုပ်သမားများ ကျောင်းသားများ သက်ဆိုင်ရာ ဘာသာစကား

အလွယ်လေ့လာနိုင်ဖို့  အထောက်ကူ ပြုပါလိမ့်မယ် ။ ကွန်ပျုတာမှာ ထည့်ထားရုံနဲ့ 

ဘာသာစကား ငါမျိုးကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါပြီ

netframe 3.5 ပေါ်အခြေခံထားတာမို့  Xp သမားများအနေနဲ့ 

အောက်ပါ link မှာ ဒေါင်းလိုက်ပါ 

စွယ်စုံကျမ်း မှကူးယူဖေါ်ပြထားပါတယ် download

Monday 15 April 2013

Android ဖုန်းထဲသို့ ကွန်ပျူတာမှတစ်ဆင့် ဖုန်းဆော့ဝဲသွင်းနည်း

Android app များရယူရန် => http://www.myanmarmobileapp.com/category/androidapp/
Android game များရယူရန် => http://www.myanmarmobileapp.com/category/androidgame/
Android ဖုန်း/Tablet စတင်သုံးစွဲတဲ့ Users တွေအတွက် Android ဖုန်း/Tablet ထဲသို့ application,game သွင်းပုံသွင်းနည်းကို Step by Step Tutorials အနေနဲ့ရှင်းပြပေးလိုက်ပါတယ်။
အရင်ဆုံး ကွန်ပျူတာကနေ ဖုန်းထဲကို app,game သွင်းဖို့ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ WonderShare Mobile Go ဆော့ဝဲကိုအောက်က link မှာရယူလိုက်ပါ။
WonderShare Mobile Go v3.0.1 (full version) အားရယူရန်

အပေါ်မှာပေးထားတဲ့ WonderShare Mobile Go ဆော့ဝဲကို ကွန်ပျူတာထဲကိုသွင်းပြီးသွားပြီဆိုရင်တော့ အခုသွင်းလိုက်တဲ့ WonderShare Mobile Go ဆော့ဝဲကိုဖွင့်လိုက်ပါ။ ( ကျွန်တော်တင်ပေးထားတဲ့ Wondershare Mobile Go ဆော့ဝဲကို full version ဖြစ်ဖို့အတွက် တင်ပေးထားတဲ့ zip ဖိုင်ထဲမှာ crk ဆိုတဲ့ ဖိုင်လေးပါပါတယ်။ အဲဒီထဲက .dll ဖိုင်လေးကို ကွန်ပျူတာထဲက C:Program FilesWondershareMobileGo for Android ဖိုဒါအောက်မှာသွားကူးထည့်ပေးလိုက်ရင် Wondershare Mobile Go ဆော့ဝဲက full version ဖြစ်သွားပါပြီ )
ပြီးရင် ဖုန်းရဲ့ USB Debugging Setting ကို On ပေးထားရမှာဖြစ်ပါတယ်။
-Android version 2.0 မှ 2.3.6 အထိဖုန်းများကို USB Debugging On နည်းကတော့ Setting > Application > Development > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။
-Android version 4.0 နှင့်အထက်ဖုန်းများကို USB Debugging On နည်းကတော့ Setting > Developer Options > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။
-ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ (USB ကြိုးဖြင့်) ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်လိုက်တယ်ဆိုရင် အောက်ကပုံထဲကအတိုင်း မိမိဖုန်းရဲ့ screen နဲ့ပေါ်လာပါမယ်။ ပေါ်လာပြီဆိုရင် app,game သွင်းဖို့အတွက် အောက်ပုံမှာပြထားတဲ့အတိုင်း Apps ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
(ပထမဆုံးစတင်ချိတ်ဆက်တဲ့ဖုန်းဆိုရင်တော့ ဖုန်း driver သွင်းတဲ့အချိန်ပါထည့်တွက်ရင် တစ်မိနစ်ခန့်ကြာပြီးမှ အောက်က screen မျိုးပေါ်လာမှာပါ)
ပြီးလျှင် ကွန်ပျူတာထဲတွင် အသင့် download လုပ်ထားသော android ဆော့ဝဲဖိုင် (apk ဖိုင်) ကိုရွေးပေးပါ။ ပြီးလျှင် Open ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ကဲ… အခုဆိုရင်တော့ မိမိရဲ့ဖုန်းထဲမှာ အခု ကွန်ပျူတာကနေ သွင်းလိုက်တဲ့ software လေးရောက်ရှိနေပြီဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
http://www.myanmarmobileapp.com ကူးယူဖော်ပြထားပါတယ်

Samsung Galxy Series အားလုံးအတွက်မြန်မာဖောင့်သွင်းနည်း

ပထမဆုံးအနေနဲ့ ဖုန်းရဲ့
Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။

ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။ ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။
အဲ့ဒါက ဖောင့်အတွက်ပါ ။
ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။ ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။
သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။
သူကသုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။ ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။