Friday 28 December 2012

မြန်မာ လက်ကွက် ဂိမ်း

မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ အရေးလေ့ကျင့်လိုသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Insert Start Menu in Windows 8

ဝင်းဒိုး 8 ကို တင်ပြီး သုံးနေရင်း စတတ်မီနူး မပါလို့ စိတ်ညစ်နေပါသလား။ အောက်က ဆော့ဝဲလ်လေးကို ဒေါင်းပြီး အင်စတော လုပ်လိုက်ပါ။ ဝင်းဒိုး 7 ပုံစံလိုမျိုး စတတ်မီနူးကို ရလာပါလိမ့်မယ်။ စတတ်မီနူးရဲ့ ပုံစံကိုလည်း မိမိလိုအပ်တဲ့ စိတ်ကြိုက်ပုံနဲ့ အစားထိုးနိုင်ပါတယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။
ဦးအောင်သန်းဦးရဲ့ ပို့စ်ကို ပြန်လည် မျှဝေထားပါသည်။

ဝင်းဒိုး ၈ ကို ဘယ်ဗားရှင်းပဲ လာလာ အတီဗိတ် လုပ်နိုင်ဖို

မိမိနှစ်သက်ရာ ဗားရှင်းကို တင်လိုက်ပါ။ ဒေါင်းလုပ်... လုပ်ရတာ အင်တာနက် ကော်နက်ရှင် ကောင်းလျှင်လွယ်ပါတယ်။ အတီဗိတ်ဖြစ်ဖို့အတွက် အောက်က လင့်မှာ ဒေါင်းလုပ်ယူပြီး အတီဗိတ်လုပ်လိုက်ပါ။ ဗားရှင်းအားလုံးအတွက် အဆင်ပြေပါတယ်။
ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Nero 12

နီယိုကို သူ့ရဲ့ မူရင်းဆိုဒ်မှာ သွားပြီး ဒေါင်းလုပ် ရယူလိုက်ပါ။ ဒီနေရာကို နှိပ်ပြီး သူ့ရဲ့ မူရင်းဆိုဒ်မှာ ကိုယ့်ရဲ့ အီးမေးလိပ်စာလေး ထားခဲ့ပြီး Trail Version အနေနဲ့ ဒေါင်းပြီး အင်စတော လုပ်လိုက်ပါ။ အင်စတော လုပ်ပြီးလျှင် အောက်မှာ Registry ကို ဒေါင်းပြီး သက်ဆိုင်ရာ အင်စတောလုပ်ရာကို ထည့်ပြီး ရမ်းလိုက်ပါ။ ဖူးဗားရှင်း ဖြစ်သွားပါမယ်။ Registry ကို ဒီနေရာမှာ နှိပ်ပြီး ဒေါင်းယူပါ။

သစ်ယာအိုင် ဘလော့မှကူးယူထားပါတယ်

PC_Tools_Registry_Mechanic_2011

ရီဂျစ်စတီမှာ မှားယွင်းသွားမှု့များကို အလိုလျှောက် ပြင်ပေးတဲ့ ဆော့ဝဲလ်ပါ။ အလိုလျှောက်ဆိုပေမဲ့ ကိုယ်က ဖွင့်ပြီး လိုအပ်တာလေးတွေကိုတော့ နှိပ်ပေးရမှာပေါ့။ ကီးဖိုင်လေးတွေကိုလည်း ထည့်ပေးထားပါတယ်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Google Earth Pro 6.00.900 Full Version

Google Earth ဆိုသည်မှာ ဂေါ်ဂယ်ဟု အမည်ရသော အလွန်တရာလှပသော မော်ဒယ်ကောင်မလေးတစ်ယောက်၏ ဂျီမေးအကောင့်ကို အက်လုပ် လိုက်ခြင်းဖြစ်သည်။ ပေါက်ကရ ရေးကြည့်တာပါ။ ၄င်းကို ဒေါင်းလုပ်ဆွဲပြီး မိမိ လိုရာ နေရာဒေသ အသီးသီးကို အင်တာနက်မှ ဗျူး ကြိုက်သလောက် ဆွဲ၍ ကြည့်နိုင်သည်။ တခါတရံမှာ ကိုယ့်မြို့ ကိုယ့်ရွာကို လွမ်းရင်လည်း သွားကြည့်လို့ ရတာပေါ့။ တချို့ တချို့သော မြို့တွေဆိုလျှင် မြေပြင်မှာ ဆင်းပြီး လျှေက်သလိုမျိုးပါ ကြည့်လို့ ရပါတယ်။ ကျနော်တို့ နိုင်ငံကတော့ နေရာတိုင်းမှာ မရပါ။ ဥပမာ သင်ဟာ စင်္ကာပူက လိပ်စာ တစ်ခုကို ရပြီး ရိုက်ထည့်ပြီး ရှာကြည့်မယ်ဆိုရင် ၄င်း လိပ်စာရှိရာကို တည့်တည့်မတ်မတ် ကြည့်နိုင်ရုံသာမက ၄င်းလိပ်စာ၏ ဝန်းကျင်ကိုပါ မြေပြင်မှ ဆင်းပြီး လမ်းလျှောက်သလိုမျိုးပါ ကြည့်လို့ ရပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Latest Virtual DJ Portable

ဒီဂျေ ပွတ်လိုသူများ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ ကျနော်ကတော့ ဘယ်လို ပွတ်ရမှန်းမသိလို့ မသုံးဖူးဘူး။ စမ်းတော့ ကြည့်ဖူးတယ်.. အသံတစ်ခုကို ထပ်ခါထပ်ခါ လုပ်ကြည့်တာတော့ နားထောင်လို့ ကောင်းတယ်။

Internet မှာအချိန်ကုန်ရင်း အကြိုးရှိရအောင်စာပေချစ်သူများအတွက်

အင်တာနက်သုံးပြီအကျိုးရှိအောင် စာဖတ်ကြမယ် စာပေ၀ါသာနာရှင်းများ
စာအုပ်စာပေမြတ်နိုး လေ့လာလိုက်စားသူများအတွက် ဖတ်ချင်တာလေးတွေရှိရင်
ဖတ်ဖို့ Internet မှာ ဒေါင်းလုပ်ရယူနိုင်သော စာအုပ်များ၊ စာပေကျမ်းဂန်များကို
အောက်ပါလင့်များအတိုင်း (Download) လုပ်ယူနိုင်ပါကြောင်းနဲ့ မိတ်ဆွေအပေါင်းအသင်းများ ဖြစ်နိုင်ရင် စာများများဖတ်ကြဖို့၊ စာများများဖတ်ကြပါလို့..တိုက်တွန်းလိုက်ပါတယ်......














E-Books (မြန်မာ)

ကိုစံ _ ခန္ဓာငါးပါးပျောက်ဆုံးခြင်းတရား<http://www.mediafire.com/?mwo0dtnkllq>
ကိုတာ _ တွေးသူများ <http://www.mediafire.com/?1jjyyym5tg4>
ကိုတာ + _ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း<http://www.mediafire.com/?yixwmthjuyy>
ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း <http://www.mediafire.com/?zx3o2vjjyzi>
ကင်းဝန်မင်းကြီး _ နေမိ ရကန် <http://www.mediafire.com/?zzymm44hzdn>
ကျီးသဲလေးထပ်ဆရာတော် _ စွယ်စုံကျော်ထင်ကျမ်း <http://www.mediafire.com/?ymnym1gnkj3>
ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန်အကျဉ်းသား<http://www.mediafire.com/?mtemx2zdi2m>
ကျွန်းပြန်ရဲဘော်တစ်ချို့ _အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း<http://www.mediafire.com/?uycngy2gmqz>
ခင်ဆွေဦး _ စစ်ကိုင်းသမီး ဒိုင်ယာရီ <http://www.mediafire.com/?numgzmwez1x>
ခင်မောင်အေး _ ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်ချက်များ<http://www.mediafire.com/?jgnu0mnx2ow>
ချစ်စိန်လွင် _ ဆောင်ကြာမြိုင်မှတ်တမ်း <http://www.mediafire.com/?t0tymunnxiy>
ချစ်နိုင် _ အနှစ် ၃၀ <http://www.mediafire.com/?t2znzmhoott>
ချစ်ဦးညို _ စက္ကရုနှင့်ဘဒ္ဒါ <http://www.mediafire.com/?kyykiwzz3y5>
ချစ်ဦးညို _ ရုက္ခစိုးမယားနဲ့အခြားပြိတ္တာများ<http://www.mediafire.com/?kmxddty2yjn>
ဂျာနယ်ကျော် မမလေး _ သွေး <http://www.mediafire.com/?zxcztjymtwt>
ဂျာနယ်ကျော် ဦးချစ်မောင် _ သူ <http://www.mediafire.com/?3ynk4y3mdxk>
ငွေကြည် _ ကြွကြွရွရွ ဟာသ <http://www.mediafire.com/?ztfgmugmf43>

Monday 24 December 2012

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

Sunday 23 December 2012

Monday 5 November 2012

Adobe Photoshop CS3 Portable

အရင်က သူများလင့်က တင်ထားတဲ့ အတွက် အဆင်မပြေဘူးဗျာ။ တော်တော်များများကလည်း ဒေါင်းလို့ အဆင်မပြေလို့ ပြောလာပါတယ်။ အခုဟာကတော့ ကိုယ့်ဘာသာ တင်ထားတဲ့ အတွက် သေချာပါတယ်။  ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။ စုစုပေါင်း ဖိုင်ဆိုဒ် ၄၇.၆ မီဂါဗိုက် ရှိပါတယ်။

Wednesday 31 October 2012

အမေ အကြောင်းလေးပါ သူငယ်ချင်းများဖတ်ကြည့်ပါ


 
ချွေးမလုပ်တဲ့သူက “ပေါ့တော့လဲ အရသာမရှိဘူး၊ ငံတော့လဲ မျိုမကျဘူး။ အမေကဘာဖြစ်ချင်တာလဲ?”
အမေက သူ့သားပြန်လာတာမြင်တော့ဘာမှမပြောတော့ဘဲ ထမင်းဟင်းကို ပါးစပါထဲသွတ်ထည့် လိုက်တယ်။ သူမသူ့ကို မျက်စောင်းထိုးပြီး တစ်ချက်ကြည့်လိုက်တယ်။
သားက တစ်လုတ်လောက်မြည်းကြည့်လိုက်တယ်။ ချက်ချင်းပြန်ထွေးထုတ်လိုက်ပြီး “ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့မရဘူးဆိုတာကို”
“ကောင်းပြီလေ၊ ဒါ ရှင့် အမေဘဲ၊ နော

က်ကျရင်ရှင်ဘဲချက်တော့”
ချွေးမ ကတော့ ဆောင့်အောင့်ပြီး အခန်းထဲဝင်သွားတယ်။

သားကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်တယ် “အမေ မစားနဲ့တော့၊ သားခေါက်ဆွဲ ချက်ကျွေးမယ်”
“သား မင်း အမေ့ကို ပြောစရာ ရှိတယ် မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊ စိတ်ထဲမှာ မျိုသိပ် မထားပါနဲ့။”

“အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊ မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ်ပြောတယ်။ ဒါကြောင့်…”
“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။

သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။
“အမေ လူအိုရုံ ကလဲမကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့ အတိုင်း မိန်းမအလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်းပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာ က ကျွေမဲ့သူ ပြုစုမဲ့သူ အဆင်သင့်ရှိပြီးသား ဘဲ။ အိမ်မှာထက်တောင် ပို အဆင်ပြေသေးတယ် မဟုတ်ဘူးလား?”

“…….”

ရေမိုချိုးပြီး ခေါက်ဆွဲထုတ်ကို ဘဲ ကမန်းကတန်းပြုတ်စားလိုက်တယ်။ သူ အခန်းထဲဝင်သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုဘဲ။
အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့ အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ် စဉ် အခါက ပင်ပန်းခဲ့ တာတွေ ကို အကြောင်းပြ ပြီး မိခင်ကို လုပ်ကျွေးစောင့်ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။

အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား? သူ့ကိုယ်သူပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။
“မင်းရဲ့ နောက်ပိုင်း ဘ၀ကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်း အမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့ သားက အမြဲသတိပေးတယ်။
“မင်း အမေ ဒီလောက်တောင်အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်းကောင်းကောင်း ပြုစု ပါလား? သစ်ပင်သည်ငြိမ်ချင်သော်လည်း လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေးချင်သော်လည်း မိဘက မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တချို့ဆွေမျိုးတွေက တော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့

နေမင်းက သူ့ရဲ့ ပူပြင်းလှတဲ့ အရှိန် အ၀ါကို သိမ်းပြီး တောင်ကုန်းရဲ့နောက်ကွယ်ကို ပုန်းခိုသွားပြီ။
မြို့ပြင် စိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် လူအိုရုံလေး….
ဟုတ်တယ်လေ၊ ပိုက်ဆံများများသုံးထားမှာ သားရဲ့စိတ်ထဲက ပိုဖြောင့်တာပေါ့။
သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲဝင်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီ ဖန်သားပြင်မှာ ဟာသကား တစ်ကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက ဘာရယ်သံမှ မကြားရဘူး။
တချို့ အင်္ကျီဆင်တူ ၀တ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။ စိတ်ဓာတ်ကျနေတဲ့ ပုံတွေဘဲ။
နောက် လူအိုတစ်ယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီးမြေကြီးပေါ်ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။
သားကသိတယ်။ အမေ လင်းလင်းထင်းထင်း ကြိုက်တယ်ဆိုတာကို။ နေရောင် ကောင်းကောင်းရတဲ့ အခန်းတစ်ခန်းကို ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က စိမ်းစိုလို့၊ သူနာပြုတွေက လဲ တွန်းလှည်းတွေကို တွန်းပေးပြီး တချို့လူအိုတွေ ကလည်း လမ်းလျှောက်နေကြတယ်။ ပတ်ဝန်းကျင် တိတ်ဆိတ်လွန်းတာဟာ လူရဲ့စိတ်ထဲမှာ ၀မ်းနည်းသလိုလို ဖြစ်လာစေတယ်။

ဆည်းဆာ သည်လှပသော်လည်းဘဲ မှောင်ရီပျိုးနေပြီ။
“မေ သားပြန်တော့မယ်။”
အမေကတော့ ခေါင်းလေးတစ်ချက်ဘဲငြိမ့်လိုက်တယ်။
သူလှည့်ထွက်သွားတဲ့ အချိန်မှာ အမေက တော့ တောက်လျှောက် လက်ပြနှုတ်ဆက်နေရှာတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး ခြောက်ကပ်ဖြူလျော်နေတဲ့ နှုတ်ခမ်းသားများဟာ မျှော်လင့်ချက်တွေများစွာနဲ့ ကျန်နေရစ်ခဲ့တယ်။
သားလေးက အဲ့ဒီ အချိန်မှာမှ မိခင်ရဲ့ မီးခိုရောင်သန်းနေတဲ့ ဆံနွယ်တွေ၊ ချိုင့်ဝင်နေတဲ့ မျက်ဝန်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင် ကို သတိထားမိတယ်။ အမေတကယ် အိုနေပါပြီလား။

သူရုတ်ချည်း တစ်ခုကို သတိရလိုက်တယ်။ သူ ၆နှစ်သား အရွယ်တုန်းက အမေဟာ အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီးမှာ အမေရဲ့ ခြေထောက်ကိုဖတ်ပြီး ကြောက်လန့်တကြားအော်ငိုပါလေရော
“မေမေ သားကိုပစ်မသွားပါနဲ့၊ သားကို မထားခဲ့ပါနဲ့နော်။” နောက်ဆုံး အမေကလဲ သူ့ကို မထားရစ်ခဲ့ပါဘူး။

သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ တံခါးကိုပါဆွဲပိတ်လိုက်တယ်။
နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ ပြန်ပေါ်လာပြီး စွဲကပ်နေမှာစိုးလို့။

အိမ်ပြန်ရောက်လာတော့ မိန်းမက သူ့အမေပစ္စည်းတွေကို စွန့်ပစ်နေတာ အားရပါးရဘဲ။
၃လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတစ်ခု
ဒါဟာ မူလတန်းတုန်းက စာစီစာကုန်းပြိုင်ပွဲ “ကျွန်တော်၏မိခင်” မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်လေး
ဒါကတော့ အမေ မစားရက် မသောက်ရက် ချွေတာပြီးဝယ်ထားပေးတဲ့ ပထမဦးဆုံးသောမွေးနေ့လက်ဆောင်။
နောက်ပြီး အိပ်ရာဝင်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။
မင်း အမေကို မလိမ်းပေးတော့ လူအိုရုံ ယူသွားလဲ ဘာထူးမှာတဲ့လဲ?

“တော်ပြီ ဆက်မပစ်နဲ့တော့”လို့ ဒေါသတကြီးအော်လိုက်တယ်။
“ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ ဘယ်မှာထားရမှာလဲ” လို့ မိန်းမကလဲ ပြန်အော်လိုက်တယ်။
“ဒါတွေ အားလုံးဟာ ငါ့ အမေရဲ့ အမွေတွေဘဲ၊ ဘာမှ မထိနဲ့”
“ရှင် ဒါဘာသဘောလဲ?”
“မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊ ငါ့အမေကို ကော် နင်ချစ်လို့မရဘူးလား?”

ပြောပြီး သူကားမောင်းထွက်သွားတယ်။

မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ လမ်းမှာလဲ လူတွေရှင်းလို့၊ သူအဆုံးဆုံထိနင်းပြီး မောင်းလာခဲ့တယ်။
ကားလေးက တောင်ကုန်းပေါ်က လူအိုရုံဆီသို့ဦးတည်လျက်။
ကားကိုရပ်ပြီးဒါနဲ့ လှေခါးပေါ်ပြေးတက်သွားပြီး အမေ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။

သူဝိဥာဏ်မဲ့စွာ ရပ်နေတယ်။
အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂ဖက်ကို နှိပ်နေရှာတယ်။
သားလက်ထဲက ဒဏ်ကြေလိမ်းဆေးကိုမြင်တော့ ၀မ်းသာအားရနဲ့ပြောလိုက်တယ်။
“အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့ သားယူလာပေးလို့”
သူဟာ အမေဘေးနားကို တိုးသွားပြီးဒူးထောက်လိုက်တယ်။
“မိုးချုပ်နေပြီ။ အမေ့ဖာသာလိမ်းမယ်၊ မနက်ဖန်ရုံးတက်ရဦးမယ်၊ ပြန်ပါတော့သားရယ်”

သူ ခဏမှင်သက်သွားပြီး နောက်ဆုံးထိန်းမရတဲ့ မျက်ရည်တွေလျှံထွက်လာပြီး
“သားကိုခွင့်လွတ်ပါ။ သားတောင်းပန်ပါတယ်။ အိမ်ပြန်ရအောင်နော်”

ကိုယ်တွေ တဖြေးဖြေးကြီးလာတာနဲ့ အမျှ မိဘတွေနုနယ်တဲ့ မျက်နှာ တဖြေးဖြေးအိုမင်းခဲ့တာကို မြင်တွေ့နေရတယ်။ နက်မှောင်တဲ့ဆံကေသာ ဖြူရောင်သမ်းလာတယ်၊ လျင်မြန်ဖျက်လပ်မှုက နေ တုံ့နှေးလာတယ်။ ဘယ်လောက်ထိရင်နာစရာကောင်းလဲ

မိဘဆိုတာ အကောင်းဆုံး တန်ဖိုး အကြီးမားဆုံး အရာတွေကို ထားခဲ့ပေးတယ်။
ဖယောင်းတိုင်မီးလိုဘဲ အဆက်မပျက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီး သားသမီးတွေ ကို အလင်းရောင်ပေးခဲ့တယ်။ ကျွန်တော်တို့က ရော်?

သူတို့အတွက် နေရာလေးပေးနိုင်လား? ဒါမှ မဟုတ် လိုအပ်တဲ့ အချိန်မှာမှ သတိရတာလား?

သူတို့တောင်းဆိုတာ တကယ်မများပါဘူး။ “ဖေ မေ ဒီနေ့နေကောင်းလား ထမင်းစားပြီးပြီလား” ဆိုတဲ့ ရိုးရှင်းတဲ့ စကားသံလေးပါဘဲ။ — kawthoung မှာကျန်ခဲ့တဲ့ မေမေ ကိုလွမ်းနေပါတယ်ဆိုမှဒီစာလေးကိုဖတ်မိပြီးငိုတောင်ငိုမိပါတယ် ဗျာ!!!!.

Monday 29 October 2012

ယောက္ခမ........

မွေးမြူရေးခြံတစ်ခုတွင်ချာတိတ်လေးတစ်ယောက်နွားမတစ်ကောင်ကိုနို့ ညှစ်နေစဉ်
အလွန်ခက်ထန်ကြမ်းတမ်းသောနွားသိုးကြီးတစ်ကောင် ၄င်းကိုဝှေ့ ရန်ဒုန်းစိုင်းပြေးလာသည်။ထိတ်လန့် 
ဖွယ်မြင်ကွင်းကြောင့်နွားခြံပိုင်ရှင်ကချာတိတ်လေးကိုအော်
ဟစ်သတိပေးသည်။ချာတိတ်ကနွားသိုးကြီးပြေးလာသည်ကိုတစ်ချက်လှည့်ကြည့်ပြီး
ကျောပြန်ခိုင်းကာခပ်အေးအေးပင်နွားနို့ဆက်ညှစ်နေသည်။

ခြံပိုင်ရှင်မှာသွေးသံရဲရဲမြင်ကွင်းကိုတွေ့ရတော့မည်ဟုမျှော်လင့်ကာဘုရား
စာရွတ်နေသည်။နွားသိုးကြီးသည်လူငယ်နှင့်အလွန်နီးကပ်သောနေရာနားရောက်မှရုတ်တရက်
ရပ်တန့် သွားသည်။ထို့နောက်ဦးချိုကိုအောက်စိုက်ကာခပ်ကုပ်ကုပ်ပြန်လှည့်သွားလေသည်။ထိုအခါ
မှခြံပိုင်ရှင်လည်းအလုပ်သမားချာတိတ်လေးထံသွားပြီးအံ့သြတကြီးမေးသည်။
“မင်းဒီကောင်ကြီးပြေးလာတာမြင်သားနဲ့မကြောက်ဘူးလား။ဘာလို့ထွက်မပြေးတာလဲ”
“ချာတိတ်ကရယ်ရင်းပြန်ဖြေသည်”
မကြောက်ရပေါင်အာစရိရယ်။ဒီကောင်ဒီနားထိမလာရဲမှန်းကျွန်တော်သိသားပဲ။ကျွန်တော်နို့ ညှစ်
နေတဲ့နွားမကသူ့ ယောက္ခမလေ။

Tuesday 23 October 2012

ယနေ့ ရခိုင်ပြည်အတွင်း အရေးအခင်း သတင်းအပြည့်အစုံ စုစည်းဖော်ပြချက်

မြောက်ဦးမြို့နယ် ယိုင်သည်ရွာတွင် ယနေ့
တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က ၃
ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ
ရရှိသွားကြောင်း သတင်း ရရှိသည်။


“ ယိုင်သည်ရွာမှာ ဒီကနေ့ မနက်ကတည်း ဖြစ်တယ်။
ရခိုင်ဘက်က ၃ ဦးကျတယ်။ ဒဏ်ရာ အများအပြားရတယ်။ တချို့ကိုလည်း မင်းပြားကို
 သယ်သွားတယ်။

တချို့ကိုလည်း မြောက်ဦး ဆေးရုံကို သယ်လာနေကြပါတယ်” ဟု ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။

ယိုင်သည်ရွာမှာ တစ်ရွာလုံးမီးရှို့ခံရပြီး မွတ်ဆလင်များဘက်မှ အထိအခိုက်နှင့် အကျဆုံးကို မသိရှိရသေးကြောင်း သူက ပြောသည်။

မြောက်ဦးမြို့နယ် နာဂရာတွင်လည်း ယနေ့ ရခိုင် တိုက်ခိုက်သူများနှင့် စစ်တပ်နှင့်
ထိပ်တိုက်တိုးရာ စစ်တပ်မှ ပစ်ခတ်၍ ရခိုင် (၂) ဦး သေဆုံးသွားကြောင်း ပန်းမြောင်း
 ဒေသခံ တစ်ဦးက ပြောသည်။

“ အခု ညနေ ၅ နာရီထိပေါ့နော်။ အခြေအနေက တင်းမာနေတယ်။ စစ်တပ်က
ပစ်ခတ်တဲ့ အတွက် ကျသွားတဲ့ ရခိုင် အလောင်း နှစ်လောင်းကို တောင်းနေတာ
ခုထိ မပေးသေးဘူး။ အဲဒီမှာ ထိပ်တိုက် ဖြစ်နေပါတယ်။ ကျသွားတာက
နာဂါရာ ဖြစ်ပါတယ်။

Wednesday 17 October 2012

Internet Wi-Fi Password ခိုးနည်းလေးပါ

 ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကို Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက် WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ..

 ကဲ လုပ်ကြည့်နော်.. ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော် ... WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။ အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။ အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော် လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်.. ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။ ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။ လုပ်နည်းလေးကတော့။ အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။ အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

Friday 31 August 2012

Galaxy S3 Water Dandelion Live Wallpaper

အပေါ်က ပုံလေးတွေကို လူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ် Samsung Galaxy SIII ရဲ့ မူပိုင် 
live wallpaper ဖြစ်ပါတယ်ဗျာ လိုချင်သူတွေ အတွက်

Monday 27 August 2012

Hacking နှင့် ပတ်သက်သော စာအုပ်များ (မြန်မာလို)


စာအုပ် အမည်များကို နှိပ်ပြီး ဒေါင်းလုပ် ရယူပါ။
၁။ ဟက်ကာ လက်စွဲ ၁၀၀
၂။ ဟက်ကီး Google
၃။ ရိုးသားစွာ ပြုလုပ်ခြင်း

Total Video Convertor




Click here to download.

မိန်းကလေးများနှင့် သူတို့၏ ကျန်းမာရေး

မိန်းကလေးတို့၏ သဘာဝနဲ့ သူတို့ရဲ့ ဖြစ်လေ့ဖြစ်ထ သဘာဝဖြစ်ရပ်များ၊ သဘာဝလွန်ဖြစ်ရပ်များ၊ မေးခွန်းများနှင့် အဖြေများ...ဖတ်ရှု့လိုက ဒီနေရာတွင် ဒေါင်းလုပ် ရယူပါ။

ဘာသာတရားဆိုင်ရာ စာအုပ်များ

ကွန်ပြူတာ/ အင်တာနက်/ နည်းပညာနှင့်ပတ်သက်သောစာအုပ်များ

၁..အင်တာနက် ဝက်ဆိုဒ် လိပ်စာများ
၂..ဗိုင်းရပ်ကို ဘယ်လို ကာကွယ်ကြမလဲ
၃..နက်ဝပ်အကြောင်း သိကောင်းစရာများ
၎..အင်တာနက် အီးမေးများကို ကျွမ်းကျင်စွာ အသုံးပြုခြင်း
၅..Twitter အကြောင်း သိကောင်းစရာများ
၆..ဂျီမေးနှင့် ပြုမူလုပ်ဆောင်၍ ရသည်များ
၇..ဂျီမေးနှင့် ဂျီတော့အား ကျွမ်းကျင်စွာ အသုံးပြုခြင်း
၈..ပီစီ ဟတ်ဝဲလ် လက်စွဲ
၉..ပီစီကွန်ပြူတာများအား မိမိဘာသာ ပြုပြင် သင်ယူနည်း
၁၀..Google ၏ လျို့ဝှက်ချက်များနှင့် ၄င်းအား အသုံးချနည်းများ
၁၁..ဂျီမေး၏ လျို့ဝှက်ချက်များ
၁၂..ကွန်ပြူတာများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာမေးခွန်းများနှင့် အဖြေများ
၁၃.. ကျွမ်းကျင် ပိုင်နိုင်စွာ ပြင်စားတတ်စေရန် သိထားသင့်သော အကြောင်းအရာများ
၁၄..ဖိုတိုရှော့ပိုင်းဆိုင်ရာ မှတ်စုများ
၁၅..MP3..MP4 များအား ပြုပြင် တပ်ဆင်ခြင်း
၁၆.. လက်ပတော့ ကွန်ပြူတာများအား ပြုပြင်ခြင်း
၁၇..Internet Security
၁၈..ရိုးသားစွာ ဟက်ကင်း ပြုလုပ်ခြင်း
၁၉..ဟတ်ဝဲလ်အကြောင်း အသေးစိတ်
၂၀..ဂိုဂယ်မှာ ဟက်ကင်းပြုလုပ်ခြင်း
 ၁..အီးမေးများကို တန်ဖိုးရှိရှိ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုခြင်း
၂..ဂျီတော့ကို နားလည် သဘောပေါက်ခြင်း
၃..ဂျီမေး မှတ်စု နှင့် သိထားသင့်သည်များ
၎..Excel 2007 အားမြန်မာလို လေ့လာခြင်း
၅..CPU အကြောင်း
၆..ဘလော့ဂါ လက်စွဲ
၇..Networking အခြေခံ
၈..Joomla Basic and Google App မြန်မာလို
၉..ကွန်ပြူတာ အခြေခံ လေ့လာသူများအတွက် သိထားရမည်များ
၁၀..အော်တိုကဒ် ၂၀၀၉ အား မြန်မာလို လေ့လာခြင်း
၁..နိုင်ငံတကာ အေပလပ် စာမေးပွဲအား ဖြေဆိုလိုသလား
၂..ဖိုတိုရှော့ စီအက်စ် ဖောအား မြန်မာလို လေ့လာခြင်း
၃..ဖိုတိုရှော့ စီအက်စ် သရီး မြန်မာလို
၎..ပေ့မိတ်ကားအား မြန်မာလို လေ့လာခြင်း
၅..ခေတ်တစ်ရာ ဟက်ကာ လက်စွဲ

Sunday 26 August 2012

မည်သည့် Driver လိုချင်အကုန်ရှာဖွေနိုင်ပါတယ်

Dell D500 window XP အတွက် Driver လိုချင်လို့ ဆိုပြီး တောင်းထားတာ ရှိပါတယ် .. အဲ့ဒါနဲ့ ကျွန်တော်လိုက်ရှာ ကြည့်ရင်းနဲ့ အခုဆိုဒ်လေးကို သွားတွေ့ ပါတယ် .. ဒီဆိုဒ်လေးမှာ မိမိတို့ Latop တွေနဲ့ Motherboard တွေရဲ့ Company အမျိုး အစားအလိုက် လိုအပ်တဲ့ Driver တွေကို အလွယ်တကူ ရှာဖွေနိုင်တာ သွားတွေ့ရပါတယ် .. ဒါကြောင့် တစ်ခြား Driver လိုအပ်တဲ့ သူတွေ ရှိရင်လည်း အလွယ်တကူ ရှာလို့ရအောင် ကျွန်တော် ဒီဆိုဒ်လေးမှာ မိမိတို့ လိုအပ်တဲ့ Driver တွေကို ဘယ်လို Download ချလို့ရမလည်း ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့  လိုချင်တဲ့ Driver တွေကို အလွယ်တကူ ဒေါင်းလော့ ချနိုင်ဖို့အတွက် အောက်မှာ ပေးထားတဲ့ ဆိုဒ်လေးကို သွားလိုက်ပါ ..အဲ့ဒီဆိုဒ်လေးကို ရောက်ပြီဆိုရင်တော့ မိမိတို့ လိုချင်တဲ့ အမျိုးအစားအလိုက် Driver တွေကို ဘယ်လို ရှာလို့ ရမလည်း ဆိုတာကို အောက်မှာ ဆက်ပြပေးထားပါတယ် ..
http://www.nodevice.com/
အပေါ်မှာ ပေးထားတဲ့ ဆိုဒ်လေးကို ရောက်ပြီဆိုရင်တော့ အောက်ကပုံလေး အတိုင်း တွေ့ရပါလိမ့်မယ် .. ပြီးရင်တော့ Categories အောက် Company ကိုသွားလိုက်ပါ ..




ဒီလောက်ဆိုရင်တော့ အားလုံးပဲ မိမိတို့လိုအပ်တဲ့ Driver ကို လွယ်လွယ် ကူကူနဲ့ ရှာလို့ ရသွားလိမ့်မယ်လို့ ထင်ပါတယ်
ကိုကောင်လေးငယ်ဆီကနေယူလာပေးတာပါ လိုအပ်တဲ့သူတွေအတွက်အဆင်ပြေအောင်လို့ ပါ....

Wednesday 22 August 2012

Defraggler 2.0

ဖိုင်များအားလုံးကို စနစ်တကျ စီပေးရန်အတွက် အသုံးပြုသည်။ လိုအပ်ပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Tuesday 21 August 2012

နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက်


သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှ
ာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။


၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။

Saturday 11 August 2012

Computer Problems များ ဖြေရှင်းနည်းများ (မြန်မာလို)

အခုအချိန်ကစပြီး ဘယ်သူ့ကိုမှ မေးနေစရာ မလိုတော့ပါဘူး။ ဘာပဲ ဖြစ်လာ ဖြစ်လာ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပြီလို့ ယူဆလိုက်ပါတော့။ ဝင်းဒိုး အိပ်စပီမှ ဝင်းဒိုး ဆဲဗင်း အထိ ရေးထားပါတယ်။ ကိုယ့်ဘာသာ စာအုပ်ကို ကြည့်ပြီး ဖြစ်လေ့ရှိတဲ့ ပြဿနာကို မိမိဘာသာ ဖြေရှင်းနိုင်ပါပြီ။ စာအုပ်ရဲ့ ခေါင်းစဉ်နဲ့အတူပါတဲ့ အကြောင်းအရာလောက် ကြည့်လိုက်တာနဲ့.... ဟာ ငါ့ကွန်ပြူတာမှာ ဖြစ်နေတဲ့ ဟာတောင် ရေးထားပါလားလို့ အံသြတကြီး ဖြစ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ကွန်ပြူတာ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းနဲ့ သိပြီး ဖြေရှင်းနိုင်ရန်အတွက် ဒီစာအုပ်ဟာ အထောက်အကူ ပြုပါလိမ့်မယ်။ ၁၆၀၀၀ ကွန်ပြူတာ ပြဿနာများလို့ ရေးထားပါတယ်။ကွန်ပြူတာ ရှိသူတိုင်း ဖတ်ရှု့ လေ့လာသင့်တဲ့ စာအုပ်လို့ ပြောလို့ ရပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ကျေးဇူးတင်ပါတယ်လို့ မပြောပါနဲ့၊ ကိုယ့်လို မသိသေးတဲ့လူကို ပေးဖတ်မျှဝေပြီး ကုသိုလ် ယူနိုင်ကြပါစေဗျာ။
စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။

Monday 6 August 2012

မိမိကွန်ပြူတာကို မြန်အောင်၊ ပိုပြီး အလုပ်လုပ်အောင် ပြုလုပ်ခြင်း

ကွန်ပြူတာနဲ့ ဆော့ဝဲအမြင့်စားများ၊ ဗွီဒီယိုကို ရီဆိုလူးရှင်းနှင့် ကြည့်တာများလာပါက ကွန်ပြူတာရဲ့ Windows Experience ကျသွားတာကို တွေ့ရပါမယ်။ မိုင်ကွန်ပြူတာကို Right Click နှိပ်ပြီး Properties ကို ကလစ်ပါ။ ထိုနောက်..Windows Experience Index ကိုနှိပ်ပါ။ အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မည်။ ပြီးလျှင် Re-run the assessment ကိုနှိပ်ပြီး အောက်ပါ ပုံအတိုင်းလုပ်ဆောင်လိုက်ပါက ဟိုး..း ..း အောက်ကပုံအတိုင်း ပြောင်းလဲသွားပါလိမ့်မယ်။
မပြုပြင်မှီပုံ...

ပြုပြင်ပြီသောပုံ

နေဝင်သွားသော နံနက်ခင်းများ အကြောင်း

သင်ဟာ ဘယ်သူ့အပေါ်မှာ ကောင်းခဲ့ဖူးပါသလဲ။ စေတနာမြောက်များစွာဖြင့်ကူညီခဲ့ဖူးပါသလား။အဲဒီစေတနာတွေကရော ဖြူစင်ရဲ့လား။ ဖြူစင်ရဲ့လား ဆိုတာက ..ဒီလိုရှိပါတယ်။ ကူညီမှု့ ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ.. မျှော်လင့်ချက်တွေ ရှိကောင်းရှိနေကြတတ်ပါတယ်။ ဘယ်သူ့ကိုမှ မကူညီပါနဲ့.. အကယ်၍ သင့်ရဲ့ ကူညီမှု့ဟာ မျှော်လင့်ချက်တွေ ပါနေမယ်ဆိုရင်ပေါ့။ အဲသလိုမျိုး မျှော်လင့်ချက်နဲ့ ကူညီခဲ့တယ် ဆိုတာအများစုဟာ စိတ်ပျက်စွာ နဲ့ အဆုံးသတ်သွားရတတ်ပါတယ်။ အဲလိုအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် ကူညီမှု့ အတွက် ပီတိ ဝမ်းသာ ဖြစ်ရမဲ့အစား.. ငါ့ကျတော့ ဆိုတာမျိုးတွေးပြီး သူက အပြန်အလှန်မရှိတဲ့အတွက် သင်ဟာ သောက ရောက်ရပါလိမ့်မယ်။အချို့အချို့သော ကူညီရတဲ့ အကြောင်းအရာများဟာ မပြောပလောက်ပေမဲ့ အမြဲတမ်း ကူညီ နေရတယ်။ ကိုယ့်အတွက်လည်း အပန်း မကြီးဘူး ဆိုတဲ့ အနေအထားမျိုးမှာပေါ့။ ဒါပေမဲ့... နောက်နောင်ပိုင်းမှာ အကူအညီခံယူနေတဲ့လူဟာ.. ကြာလာတော့ ဒါဟာ ငါ့ရပိုင်ခွင့်ဆိုတာမျိုးလည်း မြင်လာပြီး တခါတရံမှာ သင်မလိုက်လျောတာများ ကြုံခဲ့လျှင် ငြိုငြင်ခံရတာ တွေကို သင်ကြုံဖူးပါသလား။ အဲဒီ အဖြစ်အပျက်မျိုးတွေကြောင့် ထင်ပါရဲ့.." လူ၏ အကြိုက် ဆယ်ခါ လိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာ ရန်သူ စွဲမှတ်ယူ၏"..ဆိုတဲ့ ဆိုရိုး စကားလေးကို ရှေးပညာရှိ ကဝိများက စပ်ဆိုခဲ့ကြဟန် တူပါတယ်။

Friday 3 August 2012

မလေးရှားနိုင်ငံ မြန်မာ့ဥယျာဉ်ဆိုင်အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့် ၀င်ရောက်အကြမ်းဖက်သွား

ဒေနိန့် ၃-၈-၂၀၁၂ရက် သောကြာနိန့် မလေးသျှားနိုင်ငံ၊ မြို့တော်ကွာလာလမ်ပူမှာ ညဇာသားဒေသစံတော်ချိန် 4:00PM လောက်က မြန်မာ့ဥယျာဉ် (ရခိုင်ဆိုင်) စားသောက်ဆိုင်ကို ဆန္တပြစွာကနိန်ပြန်လာရေ ကုလားအကောင်(၅၀)မှ လမ်းမှာတွိရေ ရက္ခိုင်သား(၂)ယောက်ကို လိုက်သတ်လို့ မြန်မာ့ဥယျာဉ်ဆိုင်ထက်ကို တက်ဗြီးကတ်ပါရေ။ ယင်းကုလားအကောင်(၅၀)လေ့ ဆိုင်ထက်ကိုတက်လာဗြီးဂေ ဆိုင်ကိုဖျက်စီး၊ ကွန်ပြူတာတိကို ဖြိုသတ်လို့ ဆိုင်ကတာဝန်ဟိရေလူက ရဲစခန်း
ကိုချက်ချင်းဖုန်းဆက် တိုင်ကြားလို့သက်ဆိုင်ရာက လာရောက်ဗြီးဂေ အကြမ်းဖက်တေကုလားတိကို ဖမ်းဆီးလို့ကုလား(၈)ကောင်ကို ဖမ်းမိဗြီးဂေ ကျန်ရေကောင်တိကိုတော့ခါ ဖမ်းလို့မရလိုက်ပါ။ မလေးသျှားနိုင်ငံ ရခိုင်အသင်းကြီးကို ဖုန်းဆက်မီးကြည့်လို့သိရပါရေ။ အလျားတူ အယင်က (၂)လလောက်ရခိုင်-ကုလား အဓိကရုန်းဖြစ်ခါစကလေ့ မိဘမေတ္တာ (ရခိုင်ဆိုင်) စားသောက်ဆိုင်ပိုင်ရှင်ကိုလေ့ ကုလားတိက ကွာလာလမ်ပူမြို့ ဇာမဏီစတိုးဆိုင်နားက လူလယ်ခေါင်မှာ ပေါက်ဆိန်နန့်ခွပ်သတ်လို့ ဆီးရုံတင်လိုက်ရပါရေ။ အလျားတူ မလေးသျှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကိုတာတင်းဂီမြို့မှာလေ့ အိမ်မှာနိန်ရေအချိန် ကုလားတိအုပ်စုလိုက်ဝင်ခွပ်လို့ ရက္ခိုင်သား နှစ်ယောက်ဓါးခွပ်ဒါဏ်ရာတိနန့် ဆီးရုံတင်ထားရပါရေ။ အလျားတူ မလေးသျှားနိုင်ငံ၊ စမုန်ညင်းမြို့ကိုအလုပ်လုပ်ဖို့ လားခရေ ရက္ခိုင်သားနှစ်ယောက်ကို ကုလားတိခွပ်လို့လမ်းမှာဝဲသတ် ထားခကတ်ပါရေ။ နောက်ထပ်အတည်မပြုနိုင်ရေ စုံစမ်းလို့မရရေ သတင်းတိလေ့အများကြီးပါ။ အထက်ပါဖြစ်စဉ်တိရေ ရက္ခိုင်-ကုလား အဓိကရုန်းနောက်ပိုင်း မလေးသျှားနိုင်ငံထဲမှာ ဖြစ်ပျက်ခရေ ခိုင်မာရေသတင်းတိဖြိုတ်ပါရေ။

Sunday 29 July 2012

Sumatra PDF 2.2.6553 + Portable

သူငယ်ချင်းတွေအတွက်တင်ပေးလိုက်ပါတယ် PDF ဖိုင်လေးပါ
လိုချင်သူတွေယူသွားပါကျွန်တော်စေတနာကိုရှေ့ထားပြီတင်ပေးလိုက်ပါတယ်
 

လိုချင်သူများယူလိုက်ပါ

download နော်











Sumatra PDF 2.2.6553 + Portable | 9.28/10.37 Mb ဒါလေးပဲရှိတယ်နော်

Thursday 19 July 2012

ဇော်ဂျီ ဖေါင့် 32 and 64 bit

ဇော်ဂျီဖေါင့်မရှိသေးသောသူများအတွက်ပါ တချို့ကွင်ပျူတာက 32 bit ပဲရှိတယ်
နောက်တစ်မျိုးကတော 64 bit ဆိုပြီရှိတယ် သူငယ်ချင်းများအတွက် တွဲပြီတင်ပေးလိုက်ပါတယ်



  zaw gyi 32 bit      download 
  zaw gyi 64 bit     download

အားလုံးအဆင်ပြေပါစေ။

ပိတ်ထားတဲ့ဝက်ဆိုက်တွေကိုကျော်ခွကြည့်ကြမယ်

သင့် ကွန်ပျူတာကို အပိတ်အပင် မရှိ Internet သုံးရအောင်။ ပထမဆုံး Ultrasurf software လေးကို ဒေါင်းလုပ်ဆွဲ လိုက်ပါ...ဒေါင်လုပ်ဆွဲ ပြီးသွားရင် software လေးကို Run လိုက်ပါ..Double click ပေါ့ ဗျာ..သိမ့် မကြာခင်မှာပဲ software လေးက ပွင့် လာပြီး IE Page လည်း အလိုလို တက်လာပါလိမ့် မယ်..IE Page လေးကို ပိတ်လိုက်ပါ..software လေးမှာ successfully connected to server လို့ စာတန်းလေး ပေါ်နေပါမည်..IE Page လေးကို ပိတ်ပြီး Mozalla Firefox လေးကို ဖွင့် ပြီး အောက်ပါအတိုင်း အဆင့် ဆင့် သွားလိုက်ပါ..Tool>Option>Advance>Netwrok>Settings>Manuel Proxy comfrguration မှာ click တစ်ချက်ခေါက်ပြီ..ဒီဂဏန်းလေးတွေ ရိုက်ထည့် လိုက်ပါ..127.0.0.1   Port နေရာမှာ 9666 သုံးလုံးကိုရိုက်ပြီး OK လုပ်ပေးလိုက်ပါ.(ပုံ ၂ မှာ ကြည့် ပါ) အားလုံးလုပ်ပြီးသွားရင် သင့် ကွန်ပျူတာဟာ အပိတ်အပင် မရှိ မည့် သည့် ဆိုဒ် ကို မဆိုအပိတ်အပင်မရှိ သုံးနိုင်ပါသည်။ Gmail အကောင့် တွေလည်း အဲ့ ဒီနည်းနှင့် ကျော်ပြီး လိုသလောက်ဖွင့် နိုင်ပါတယ်ဗျာ..software လေးက 1 Mb ကျော်လေးပဲရှိပါတယ်  Size သေးတဲ့ အတွက် ဒေါင်းရတာလည်း မြန်ပြီး သုံးရတာလည်း အဆင်ပြေပါတယ်.......
 ဒီနေရာမှာဒေါင်းယူလိုက်ပါနော် သူငယ်ချင်းများ
အားလုံးအဆင်ပြေပါစေ။









 ကြိုက်တဲ့ဟာကိုနိပ်လို့ရပါတယ်










 ဒီနေရာမှာဒေါင်းယူလိုက်ပါနော် သူငယ်ချင်းများ
အားလုံးအဆင်ပြေပါစေ။











Wednesday 18 July 2012

Icon လုပ်တဲ့ Software...

သူငယ်ချင်းတွေအတွက် icon လှလှလေးလုပ်ချင်တဲ့သူတွေအတွက်
ကျွန်တော်တင်သွင်းပေးလိုက်ပါတယ်။ လိုချင်တဲ့သူငယ်ချင်းများယူ
သွားပါ။ ယူမယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါအားလုံးအဆင်ပြေပါစေ။


dwonload
ရခိုင်သားလေး
အားလုံးအဆင်ပြေပါစေ။

120. Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……

လုပ်နည်းတွေက အများကြီးပဲ ..အလွယ်ဆုံးနည်းကို ပြောပြမယ် ….
service@gtalk2voip.com ကို ကိုယ့် Gtalkထဲကို Add လိုက်ပါ ….
ကိုယ်နဲ့ ပြောချင်တဲ့ သူတွေလဲ
service@gtalk2voip.com ကို အကုန်လိုက် Add ပါ … ပြီးရင် …Master
လုပ်မည့် သူရဲ့ အလုပ်ကို အရင်ပြောမယ် … Master လုပ်မည့်သူက …
service@gtalk2voip.com ကို ချက်ဘောက်ထုတ်ပြီး .. conf လို ရိုက်
..ပြီးရင် Enter ခေါက် .. ။ ဒီလိုလေး





















ပြီးရင် Service ကနေ Master လုပ်တဲ့ သူဆီကို Misscall ၀င်လာမယ် …
Answer လိုက်ပါ … ။

Wednesday 11 July 2012

မိုးကြိုး၊သက်တန့်ရောင်ထည့်ပြီးလုပ်မယ်နော်

photo software လေးပါကိုဓါတ်ပုံလေးကို မိုးကြိုး သက်တန့် လေးတွေထည့်လိုရတဲ့ software လေးပါလိုချင်ရင်ယူလိုက်ပါ

  6.68MB လေးပဲရှိပါတယ်

 
download    ယူမယ်ဆိုရင်










Saturday 7 July 2012

Cookies and Temporary Files ဆိုတာ ဘာပါလိမ့်!!!

Cookies, Temporary files, 
Cookies ဆိုတာ ဘာလဲ!!!
Cookies ဆိုတာဟာ ကွန်ပြူတာထဲမှာ အလုပ် လုပ်နေတဲ့ Application Files အမျိုးအစားတစ်ခုတော့ မဟုတ်ပါဘူး။ ကွန်ပြူတာထဲမှာ ရှိတဲ့ Internet Browser များက ဖွင့်ခဲ့သော စားသားအချို့၊ ဆိုဒ်အချို့ရဲ့ လိပ်စာ အကြောင်းအရာများကို သင့်ကို နောက်တစ်ကြိမ်ပြန်ဖွင့်လျှင် အော်တိုသိအောင် အော်တို ဆေ့ထားတဲ့ ဖိုင်အမျိုးအစား အငယ်စားများကို ခေါ်ပါတယ်။ ဥပမာ သင်က သင်စိတ်ဝင်စားသော ဆိုဒ်တစ်ခုကို ဖွင့်ဖတ်ပြီး ပြန်ပိတ်လိုက်တယ်။ ၄င်းဆိုဒ်ကို နောက်တစ်ကြိမ်ပြန်ဖွင့်လျှင် လွယ်ကူ ချောမွေ့စွာဖြင့် မြန်မြန်ဆန်ဆန် ဖွင့်လို့ရအောင်၊ မှတ်မိအောင် ပြုလုပ်ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ သို့သော် သင့်စက်မှာ ကွတ်ကီးတွေ များနေလျှင်လည်း သင်အင်တာနက်ကို အမှန်အကန် လေးစေပါတယ်။ အင်တာနက် ဆိုဒ်များက မိမိတို့ဆိုဒ်ကို ဒီလူ လာလည်သွားတယ်ဆိုတာကို ခြေရာခံတဲ့ လမ်းစ၊ သဲလွန်စ တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဘယ်လို ဖျက်ထုတ်မလဲ ဆိုတာကို အောက်ပါ ပုံများကို ကြည့်ပါ။
မော်ဇီလာ တွင် ဖျက်ရန်
 
 
 
 
 
 
 
 
 Googel Chrome တွင် ဖျက်ရန်
 
 
 
 
 
 
 
 
 
 
 
http://answers.yahoo.com/question/index?qid=20061017110002AAjAn6L
Temporary Files
Temporary File ဆိုတာကတော့ သင့်စက်ထဲမှာ ရှိတဲ့ ဆော့ဝဲလ် တစ်ခုခုဟာ တစ်ခုခုသော ရည်ရွယ်ချက်နဲ့

Thursday 5 July 2012

Virus များအကြောင်း

သူများရေးထားတာကို တွေ့တာနဲ့ ကောက်တင်လိုက်တာပါ။ ဗဟုသုတပေါ့။
စိတ်ဝင်စားမယ်ဆိုလည်း ဖတ်ကြည့်ပေါ့။ သိထားသင့်သော အကြောင်းအရာများပါပဲ။ ဒီနေရာမှာ ဖတ်ရန်အတွက် ဒေါင်းလုပ်ရယူပါ။

Gtalk Virus

တခြားလူနဲ့ ပြောဖို့အတွက် ဂျီတော့ ဖုန်းခေါ်လိုက်တာနဲ့ အင်တာနယ် အယ်ရာ ဆိုပြီး ဂျီတော့မှာ ပေါ်လာပြီး ရက်စ်နဲ့ နိုး နှစ်ခုပြလာပါတယ်။ ကြိုက်ရာကို နှိပ်လိုက်ပါ။ သင့်ဂျီတော့ ကျသွားပါလိမ့်မယ်။ အကယ်၍ သင့်ကွန်ပြူတာမှာ အဲဒီလိုဖြစ်လာပြီဆိုလျှင် သေချာပါတယ်။ Fixprivatecam ခေါ်  Gtalk Virus  ရောက်နေလို့ပါ။ အဲဒီလိုမျိုး ကြုံတွေ့လာမယ်ဆိုလျှင် ဒီကောင်လေးကို ဒေါင်းပြီး ရမ်းလိုက်ပါ။ ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ။
         သင့်စက်မှာ အန်တီရှိနေလင့်ကစား ၄င်းက ဗိုင်းရပ်အဖြစ် ရပ်တည်ခြင်းမရှိဘဲ System file တစ်ခုလိုမျိုး ပြုမူနေထိုင်ပါတယ်။ ဒီဆော့ဝဲလ်လေးကို ရမ်းလိုက်မှ သင်တင်ထားတဲ့ အန်တီဟာ သဘောပေါက်ပြီး သတ်ပေးပါလိမ့်မယ်။
သစ်ယာအိုက် မှ ကူးယူထားပါတယ် ။
ရခိုင်သားလေး

G-talk နဲ့Mobile ဖုန်းခေါ်မယ် free



နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါဗျာ ...

စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူးဗျာ ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1

အသုံးပြုနည်းကတော့ ....

Wednesday 4 July 2012

ရေစက်ချရခြင်းအကြောင်း

တကယ်တော့ရေစက်ချတယ်ဆိုတာ “ရှေးထုံးလည်းမပယ်နဲ့၊ ဈေးသုံးလည်းမလွယ်နဲ့”ဆိုတဲ့စကားအတိုင်း ဘုရားလောင်း ဝေဿန္တရာမင်းကြီးဘ၀တုန်းက လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တစ်ခုကို အတုယူပြီး လိုက်လုပ်နေကြတာပါ။ ဝေဿန္တာမင်းကြီးက ဆင်ဖြူတော်လှူတုန်းက ဆင်ဖြူတော်ရဲ့နှာမောင်းကို အလှူခံပုဂ္ဂိုလ်တွေကိုကိုင်ခိုင်းထားပြီး ရေစက်ချခဲ့ဖူးတယ်။ သားတော်ဂဏှာနဲ့၊ သမီးတော်ဇာလီကို ဇူဇကာပုဏ္ဏားကိုလှူတုန်းကလည်း ရေစက်ချ ဘုရားဆုပန် လှူဒါန်းခဲ့ဖူးပါတယ်။ ရှေးသူတော်ကောင်းတွေပြုလုပ်ခဲ့ဖူးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်လည်း နောင်လူနောင်သားတွေ လိုက်လုပ်သင့်ပါတယ်။ တကယ်တော့ ရေစက်ချတယ်ဆိုတာကလည်း အဓိပ္မါယ်တွေများကြီးရှိပါတယ်။ ရေကို လှူဖွယ်ဝတ္တုအနေနဲ့တင်စားပြီး အချက်(၃)ချက်နဲ့အညီ ရေစက်ချတာပါ။
(၁) မချီမနိုင်သော ပစ္စည်းဝတ္တုကို ချီမလွယ်ကူသော ရေနှင့်တင်စားခြင်း။
(၂) ရေ၌ ကြည်လင်အေးမြသန့်ရှင်းမှုရှိနေသလို့ အလှူရှင်တွေရဲ့ စိတ်မှာလည်း ကြည်လင်သန်ရှင်းနေပါကြောင်းတင်စားခြင်း။

ကံကောင်းစေသော ကုသိုလ် ၅မျိုး(တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်)

တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်။ ရဝေနွယ်-အင်းမ




စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။?
ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ် ထားသလား။?

ဘယ်လိုဖြစ်နေနေ မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်  ကံကိုပြင်လိုက်ပါ။


၁။ ”၀သဘ ၏ သာမန်ဘ၀”

     သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရား ပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့ သူအားလုံးကို သတ်စေလို့ မိန့် ပါတော့တယ်။

၂။ အသက်ဘေးက လွတ်ပြီ။

        ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ ၀သဘ ကို မင်းဆီ အပ်ဖို့ မိန်းမ လုပ်သူကို ပြောပါတယ်။ သူရာထူး တိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ ခေါ်သွားတာ ဆိုတာကို သိတဲ့ စစ်သူကြီး ကတော်က ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေး လိုက်ပါတယ်။

       စစ်သူကြီး နန်းတော်တံခါးဝ ရောက်လို့ ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာ တွေ့ပြီး ၀သဘကို အိမ်ပြန် ထုံးယူစေပါတယ်။ ၀သဘ က အိမ်ရောက်တော့ စစ်သူကြီးကတော်က သူ့အကြံအစည် အတိုင်း ဖြစ်လာလို့ ၀မ်းသာအားရနဲ့ ” ၀သဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာ တစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ထွက်ပြေး ခိုင်းလိုက်ပါ တော့တယ်။

ဒါလေးဖတ်ပြီး အသက်ရှည်ပါ..... (ဟာသ)

ပြောင်းတော့မှာလား
"ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့
ရုံးတက်နောက်ကျရတာလဲ"
"ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်"
၂ နှမြောလို့
အလုပ်ကြပ်က မီးထိုးသမားကို ပြောသည်။
"ဘာဖြစ်လို့ အရက်သောက်တာလဲ"
"ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊
ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး
နောက် မျိုချလိုက်တာပါပဲ"
"ထွေးပစ်လိုက်ပါလား"
"ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး"
၃ အားကိုးအားထား
"အုပ်ချုပ်ရေးမှူးခင်ဗျား၊ အိမ်ကိုသန့်ရှင်းရေးလုပ်မှာမို့လို့ သူ့ကို ကူပါလို့
မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော် ခွင့်တစ်ရက်လောက် သူပါရစေ"
"ဒီလို အကြောင်းပြချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော် ခွင့်မပေးနိုင်ဘူးဗျာ"
"ကျေးဇူးတင်လိုက်တာခင်ဗျာ၊ ဆရာ့ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော် အစကတည်းက သိပြီးသား"
၎ လက်ပါမှာစိုးလို့(အာဂျင်တီးနားဟာသ)
ရုပ်မြင်သံကြား အစီအစဉ် ကြေညာသူက ပြောသည်။
"ချစ်လှစွာသော ရုပ်မြင်သံကြား ပရိသတ် များ ရှင်၊ ပထမဆုံး သက်တောင့်သက်သာ နေရာယူကြဖို့
မေတ္တာရပ်ခံပါတယ်၊ ပြီးတော့ ရုပ်မြင်သံကြားစက်ကို တစ်ခုခုနဲ့ မပစ်ပေါက်မိအောင်
ကိုယ့်အနားမှာ ရှိတဲ့ လေးလံတဲ့ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရွှေ့ထားလိုက်စေချင်ပါတယ်၊
အခုချိန်ကစပြီး အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးဘဏ္ဌာရေးဝန်ကြီးက ရှင်းလင်း
တင်ပြပါတော့မယ်ရှင်"
၅ သူများဝန်ကို ဆက်ထမ်းနေရတယ်
သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ယောင်္ကျားတစ်ယောက် ကိုယိုတေသည်၊ နှုတ်မှလဲ ပြောသည်။
"သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
"ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
"ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"
၆ သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခု ပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့သတင်း၊ နောက်တစ်ခုက
ကောင်းတဲ့သတင်း၊ အဲ နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက
စပြောမယ်၊ မဖြတ်ရမယ့် ခင်ဗျားခြေတောက်ကို ကျွန်တော်တို့ မှာဖြတ်မိတယ်၊
ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့်ခြေတောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်၊ အဲ
အကောင်းဆုံးသတင်းကတော့ ဘေးအခန်းကလူနာက ခင်ဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့"
၇ ထိတော့ထိတယ်
ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီးဦးဖြိုး နှစ်လဲုးပြူးဖြင့် ပစ်ချလိုက်သည်၊
ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
" ဟော့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
"သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"
၈ လူသတ်သမား
တရားသူကြီးက တရားခံကို မေးသည်။
"စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
"မှိုဟင်းကို မစားချင်လို့"
၉ တောင်းပန်တယ်
အရောင်းစာရေးက ကုမဏီပိုင်ရှင်ကို ပြောသည်။
"လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"
၁၀ အရက်နံ့
"ခင်ဗျားတို့ဆိုင်ရဲ့ စပယ်ရှယ် ၀က်နံရိုးကင်က ဘာဖြစ်လို့ အရက်နံ့ ရနေတာလဲ"
စာပွဲထိုးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဧည့်သည်ကို မေးသည်။
"အခုကော အနံ့ရသေးလားခင်ဗျ"
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏။ ။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်

ကျီးပေါင်းရောဂါအတွက်ဆေးနည်းတစ်လက်(HERBAL MEDICINE)

ကျီးပေါင်းရောဂါအတွက်ဆေးနည်းတစ်လက်
မြန်မာအိုင်တီနန်းတော်မှ အဖွဲ့သား "thart wah" ၏
"အခြားရောဂါတွေထက်အခုလူဖြစ်များလာတဲ့ ကျီးပေါင်းရောဂါအတွက်ဆေးနည်းများတင်ပြစေချင်ပါတယ် " ဟူသောတောင်းဆိုမှု့အရ
အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
၁။ယခုခေတ်တွင် ဘီယာ သောက်သုံးသူများပြားလာပါသည်။
၂။ဘီယာသည် ယူရစ်အက်စစ်များပြားစေပြီး ၀မ်းတွင်းသားနှင့် မြေအောက်ပေါက်ပင်များ ဥများနှင့်တွဲဖက်စားသုံးပါက
တနှစ်နှင့် နှစ်နှစ်အကြားတွင်  ASO များလာပြီး အဆစ်အမြစ် ရောင်ရမ်းခြင်း ကိုယ်လက်ကိုက်ခဲခြင်း အရိုးများအတက်ထွက်ခြင်း
အရိုးကျီးပေါင်းတက်ခြင်း ဝေဒနာတို့ကို ခံစားရပါသည်။
၃။ကုသနည်း(၂)မျိုးရှိပါသည်။
(က)။ သင်္ဘောသီးအစေးအားသောက်ဆေးအနေဖြင့်ကုသခြင်း။
(ခ)။ဖုန်းမသိမ် ပင် အားပြုတ်ပြီး ရေချိုးခြင်း။
(က)။ သင်္ဘောသီးအစေးအားသောက်ဆေးအနေဖြင့်ကုသခြင်း။
     -အစာအိမ်ရောဂါရှိသူများမသင့်ပါ။သင်္ဘောသီး၏အစီးအား ပင်နယ်စလင်တစ်ပုလင်း ရယူပြီး ရေတဖန်ခွက်တွင်ဖျော်ပါ။
      ထမင်းမစားမီ နံနက် တကြိမ် သောက်ပါ။(ခုနစ်ရက်ဆက်သောက်ပါ)
      အရိုးကျိုး ကျောက်ပတ်တီးစည်းထားသူများ မသောက်သင့်ပါ။(အရိုးမဆက်ပါ)
      သောက်နေဆဲကာလတွင် ချော်မလဲစေရန် ၊ အရိုးမကျိုးစေရန် ဂရုစိုက်ပါ။
       ပျောက်ကင်းသွားသူများ အများအပြားရှိပါသည်။
(ခ)။ဖုန်းမသိမ် ပင် အားပြုတ်ပြီး ရေချိုးခြင်း။
     တပင်လုံးအားပြုတ်ပြီး မနက် ည ရေချိုးပါ။
     တစ်လ ချိုးရပါမည်။
၎။ ရောဂါခံစားနေရသူများ အရက် ဘီယာ ဖြတ်ထားပါ။
၅။နွားနို့ ၊ ငါးကလေးကြော်၊ကယ်လ်စီယမ် ဓါတ်များပြားသော အစားအစာများကိုရှောင်ပါ။
ကျွန်တော် မသိသေးသောနည်းများရှိပါက ပါဝင်ရေးသား အကြံပြုကြပါရန်။
(အနောက်တိုင်းဆေးဖြင့်မပျောက်သူများ ၊ သွားလာရေးခက်ခဲသူများအတွက်သာရည်ရွယ်ပါသည်)

ကိုယ်ဝန် ဆောင်အမျိုး သမီးများအား မိခင်နိုင်ငံ သို့ ပြန်ပို့မည့်

ထိုင်းနိုင်ငံ အတွင်းရှိ ရွေ့ပြောင်း အလုပ်သမား အမျိုးသမီး ကိုယ်ဝန်ဆောင် အမျိုးသမီး များကို မိခင်နိုင်ငံ သို့ ပြန်လည် ပို့ဆောင်မည်ဟု ယမန်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်း၏ ဖော်ပြချက်အပေါ် ရွေ့ပြောင်းမြန်မာ အလုပ်သမား အသိုင်းအ၀ိုင်းများက ဝေဖန်လိုက်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးလုပ်သားကာကွယ်ရေးအတွက် ရည်ရွယ်၍ သက်တမ်း မရင့်သေးသူ ကိုယ်ဝန်ဆောင်များကို ပြန်ပို့မည်ဖြစ်ပြီး ကလေးမွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာအလုပ်လုပ် ကိုင်နိုင် ကြောင်းကို ထိုင်းအလုပ်သမားဝန်ကြီး ပါဒါချမ်ဆာဆွမ်ဆပ်က ထိုင်းလွှတ်တော်တစ်ခုတွင် ယင်းကဲ့သို့ အဆိုတင်သွင်းခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

သို့သော် ရွေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မည်သည့်နေ့ရက်တွင် ပြန်ပို့မည်ကို ဖော်ပြထားခြင်း မရှိပေ။

ရွှေ့ပြောင်းမြန်မာများကို အခမဲ့ ဆေးကုပေးလျှက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်း ၏ ဒါရိုက်တာ ဒေါက်တာ စင်သီယာမောင်က ထိုင်းအစိုးရ၏ အစီအစဉ်ကို စိုးရိမ်လျှက်ရှိကြောင်း ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီ(ထိုင်းနိုင်ငံ)မှာ မွေးခွင့်မပေးဘူးဆိုရင်တော့ တချို့ ကိုယ်ဝန်ဖျက်ချမှာပေါ့နော်။ တချို့ကလည်း ဒီမှာ မွေးလို့ မရဘူးဆိုလို့ မြန်မာပြည်ပြန်လိုက်မယ်ဆိုရင် ကလေးမွေးဖွားဖို့ ဆေးရုံ၊ ဆေးခန်းတွေကို ဘယ်လိုသွားရမှာလဲ။ အများစုက အိမ်မှာမွေးကြတာများတော့ အရေးပေါ်အခြေအနေဖြစ်လို့ ကုန်ကျစရိတ်မရှိဘူးဆိုရင် ကိုယ်ဝန် သည်တွေ အသက်ဆုံးရှုံးရမှာပေါ့။”ဟု ပြောသည်။

စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန် ရေသားချက်

သင်္ဘောသားတစ်ယောက်ရဲ့ ပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ တွေ့ကြုံခဲ့ရပြီး အသက်လုခဲ့ရပုံများကို စိတ်လှုပ်ရှားဖွယ် ရေးသားထားပါတယ်။ တော်တော်လည်း စိတ်ဝင်စားဖို့ကောင်းပြီး ငါ သင်္ဘောလိုင်း မလိုက်မိတာတောင် ကံကောင်းပါလားဆိုပြီး တွေးလာပါလိမ့်မယ်။ တစ်ခါတရံတော့ ကျနော်တို့တွေ စိတ်ကူး ယာဉ်ကြည့်ခဲ့ကြဖူးတယ် မဟုတ်လား။
       ကိုယ်ပေါ်မှာ ၀တ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သန်ဗုဒေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….. ထိုအချိန် “ ဒုန်း! “ ကနဲ အသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာခေါင်းနပန်းတွေကြီးကုန်ကြသည်..….
ကျွန်တော်တို့ ရဲ့ နောက်ဆုံးအချိန်ကို ရောက်လာပြီလား…မျက်ရည်များ က အလိုလို ကျလာပြန်သည်…. မှန်ပါသည် …. ကျွန်တော်သည် သဘောင်္တစ်စင်းပေါ်မှာဖြစ်ပါသည်… တိတိကျကျဆိုရသော် အရှေ့ အလယ်ပိုင်းနိုင်ငံ အိုမင်နိုင်ငံအောက် သမုဒရာထဲတွင် သွားနေသော သဘောင်္တစ်စင်းပေါ်တွင်ဖြစ်ပါသည်….. ထိုထက်တိကျရလျှင်…အိုမင်နိုင်ငံအောက်ဘက် သမုဒရာထဲတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း၏ အလယ်တွင်ရောက်နေသည့် CHEMBULK VIRGIN GORDA သဘောင်္ပေါ်တွင်ဖြစ်ပါသည်……


software: Boilsoft Video Joiner v6.57.5

Clone Mode joins same type files in super speed.
Re-encode Mode joins any different format files as you like.
Support join AVI, DivX, MPEG-4 files.
Support join MPEG-1 and MPEG-2 video files.
Support join VOB video files.
Support join RM, RMVB files.
Support join ASF, WMV, WMA files
Support join 3GP(.3gp, .3g2) files
Support join MP4(.mp4, .m4a, .m4v) files
Support join MKV files.
Support join FLV, MTS files in Re-encode Mode.
Support join MPEG Audio and Windows Media Audio.
Join video files as many as you want.
Scramble and rearrange the video clips in the sequence that you exactly desire.
Very User-friendly interface.

 Boilsoft Video Joiner v6.57.5 | 10 Mb

လိုချင်ရင်ဒီမှာဒေါင်းလိုက်ပါ။

Trojan Remover 6.8.4.2607

 6.8.4.2607 | 12.03 MB

trojan remover software   လေးပါကျွန်တော်တော့မသုံးဖူးသေပါဘူး သုံးတတ်တဲ့သူတွေသုံးလို့ရအောင်လိုတင်လိုက်တာပါ မသုံးတတ်တဲ့သူတွေကတော့စမ်းပြီးသုံးကြတာပေါ့ဗျာ ကျွန်တော်လဲပါဘာတယ် သူငယ်ချင်းတွေအားလုံးအဆင်ပြေပါစေ။
ရခိုင်သားလေး
ယူမယ်ဆိုရင်ဒီမှဒေါင်းလို့ရပါတယ်။

Tuesday 3 July 2012

စာလုံးပြောင်းခြင်း

အခုနောက်ပိုင်းမှာ နည်းပညာပိုင်းမှာ လုပ်ဆောင်ပြီး ဦးဆောင်တီထွင်မှုတွေနဲ့ ရှေ့ကနေပြီး လမ်းပြနေတဲ့ လူအများစုဟာ မြန်မာ၃၊ myanmar3 font ကို တီထွင်ခဲ့ကြတာ တော်တော်လေးတော့ ကြာနေပါပြီ။ ဒါပေမဲ့ ဇော်ဂျီဝမ်းနဲ့ အသားကျနေတဲ့ မြန်မာနိုင်ငံသား အများစုဟာ သူတို့ရဲ့ ဗျူဟာနောက်ကို အတိအကျနဲ့ မလိုက်နိုင်သေးပါဘူး။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာမှာတော့ မြန်မာ၃ဟာ မြန်မာပြည်ကို ကိုယ်စားပြု စာလုံးဖောင့်အဖြစ် သတ်မှတ်ခဲ့ပြီးပါပြီ။ ထို့ကြောင့် မြန်မာ၃ နဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တစ်ချို့ကို အခြားလူမျိုးများသုံးနေတဲ့ ကွန်ပြူတာများမှာလည်း ဇော်ဂျီဝမ်းတွေ ဘာတွေ ထည့်မထားသည့်တိုင်အောင် ကျနော်တို့ ဖွင့်ကြည့်လို့ ရနေပါတယ်။ Windows 7 လည်း တင်ထားမယ် ဆိုရင်ပေါ့။

               မြန်မာ၃ ဖောင့်နဲ့ ပတ်သက်ပြီး ကျနော်ကိုယ်တိုင်လည်း ကျွမ်းကျွမ်းကျင်ကျင် မရှိသေးတာ အမှန်ပါ။ ဇော်ဂျီဝမ်းနဲ့ အသားကျနေသူများအတွက် တော်တော်လေးတော့ အချိန်ယူပြီး ပြောင်းရပါလိမ့်မယ်။ မြန်မာ၃ ဟာ ကျနော်တို စာမျက်နှာပေါ်မှာ စာရေးသလိုမျိုး ရေးသားရပါတယ်။ သူ့ရဲ့ လက်ကွက် အနေအထားအရပေါ့။ ဥပမာ... အပြန် ဆိုတဲ့ စကားလုံး ဆိုပါတော့။ ဇော်ဂျီဝမ်းအနေနဲ့ အ ကို တီအက္ခရာ နှိပ်ပြီး စလိုက်မယ်။ ပြီးလျှင် ယရစ်ကို ရေးပြီးမှ အဲဒီ ယရစ်ကြားမှာ ပဇော်ကို ကိုထည့်လိုက်ပြီး နငယ်နဲ့ ငသတ် လိုက်ကြတယ် မဟုတ်လား။ သို့သော် မြန်မာ၃မှာ သင်ရေးမည်ဆိုလျှင်တော့....ကျနော်တို့ စာရေးသည့်အတိုင်း လက်ကနေပြီး ရေးရသည်အတိုင်း ရေးရပါတယ်။
               အကယ်၍ ဒီနည်းအတိုင်း မလုပ်လိုဘူးဆိုလျှင်တော့ မြန်မာဖောင်တွေကို အွန်လိုင်းမရှိသော်လည်း ပြောင်းလို့ ရတဲ့ အော့လိုင်း Converter ကို အသုံးပြုပါ။ ဒီနေရာမှာဒေါင်းလုပ် ရယူပါ။ အထက်က ပုံအတိုင်း သင်ပြောင်းလိုသော ဖောင့်ကို ထည့်ပြီး ပြောင်းလိုတဲ့ ဖောင့်ကို ရွေးခြယ်ပြီး ကွန်ဘတ်လုပ်လိုက်ရုံပါပဲ။ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။

Tuesday 26 June 2012

မိမိရဲ့ ကိုယ်ပိုင်ရေးရာတွေကို ထည့်ထားတဲ့ ဖိုင်လေးတွေကို သော့ခတ်ရအောင်

ဆော့ဝဲလ် သုံးစရာမလိုပါဘူး အောက်ပါ ကုဒ်ကလေးတွေကို အားလုံး ကူးပြီး နုတ်ပက်ထဲမှာ ကူးထည့်လိုက်ပါ။ ပြီးလျှင် သင်သော့ခတ်လိုသော ဖိုင်ရှိရာ နေရာကို locker.bat ဆိုတဲ့ အမည်လေးနဲ့ သိမ်းလိုက်ပါ။ locker ဆိုတဲ့ အမည်လေးနဲ့ ပေါ်နေပါလိမ့်မယ်။ မသိမ်းခင်မှာ အနီရောင်နှင့် ပြထားသော  password here ဆိုတဲ့ နေရာမှာ ဘယ်သူမှ မသိမဲ့ သင့်ရဲ့ ပတ်စဝပ်ကို ရေးထည့်လိုက်ပါ။ Save လုပ်ပြီးလျှင် သင်ဆေ့လိုက်သော ဖိုင်ကလေးဟာ စက်သွားပုံကလေးနဲ့ တွေ့ရပါမယ်။ ၄င်းကို Double Click နှိပ်လိုက်ပါက Private ဟု အမည်ရသော Folder လေးတစ်ခု ကျလာပါမယ်။ ၄င်းဖိုဒါထဲကို သင်သိမ်းဆည်းလိုသော ဘာညာဘာညာများကို ဆွဲထည့်လိုက်ပါ။ ပြီးလျှင်.... locker ဆိုတာလေးကို ကလစ် နှစ်ချက်နှိပ်လိုက်ပါက... သင်ဆေ့မလားဆိုတာကို Y/N yes or no ကို မေးပါလိမ့်မယ်။ သင့်အနေနဲ့ Y ကို နှိပ်လိုက်ပါက မူလက မြင်နေရသော Private Folder လေး ပျောက်သွားပါလိမ့်မယ်။ နောက်တစ်ကြိမ် ဖွင့်လိုက Locker လေးကို Double Click နှိပ်ပါက ပတ်စဝပ် တောင်းပါလိမ့်မယ်။
အောက်မှာ
ကူးယူပြီး စမ်းကြည့်လိုက်ပါ
 cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End