အခုနောက်ပိုင်းမှာ နည်းပညာပိုင်းမှာ လုပ်ဆောင်ပြီး ဦးဆောင်တီထွင်မှုတွေနဲ့ ရှေ့ကနေပြီး လမ်းပြနေတဲ့ လူအများစုဟာ မြန်မာ၃၊ myanmar3 font ကို တီထွင်ခဲ့ကြတာ တော်တော်လေးတော့ ကြာနေပါပြီ။ ဒါပေမဲ့ ဇော်ဂျီဝမ်းနဲ့ အသားကျနေတဲ့ မြန်မာနိုင်ငံသား အများစုဟာ သူတို့ရဲ့ ဗျူဟာနောက်ကို အတိအကျနဲ့ မလိုက်နိုင်သေးပါဘူး။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာမှာတော့ မြန်မာ၃ဟာ မြန်မာပြည်ကို ကိုယ်စားပြု စာလုံးဖောင့်အဖြစ် သတ်မှတ်ခဲ့ပြီးပါပြီ။ ထို့ကြောင့် မြန်မာ၃ နဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တစ်ချို့ကို အခြားလူမျိုးများသုံးနေတဲ့ ကွန်ပြူတာများမှာလည်း ဇော်ဂျီဝမ်းတွေ ဘာတွေ ထည့်မထားသည့်တိုင်အောင် ကျနော်တို့ ဖွင့်ကြည့်လို့ ရနေပါတယ်။ Windows 7 လည်း တင်ထားမယ် ဆိုရင်ပေါ့။
မြန်မာ၃ ဖောင့်နဲ့ ပတ်သက်ပြီး ကျနော်ကိုယ်တိုင်လည်း ကျွမ်းကျွမ်းကျင်ကျင် မရှိသေးတာ အမှန်ပါ။ ဇော်ဂျီဝမ်းနဲ့ အသားကျနေသူများအတွက် တော်တော်လေးတော့ အချိန်ယူပြီး ပြောင်းရပါလိမ့်မယ်။ မြန်မာ၃ ဟာ ကျနော်တို စာမျက်နှာပေါ်မှာ စာရေးသလိုမျိုး ရေးသားရပါတယ်။ သူ့ရဲ့ လက်ကွက် အနေအထားအရပေါ့။ ဥပမာ... အပြန် ဆိုတဲ့ စကားလုံး ဆိုပါတော့။ ဇော်ဂျီဝမ်းအနေနဲ့ အ ကို တီအက္ခရာ နှိပ်ပြီး စလိုက်မယ်။ ပြီးလျှင် ယရစ်ကို ရေးပြီးမှ အဲဒီ ယရစ်ကြားမှာ ပဇော်ကို ကိုထည့်လိုက်ပြီး နငယ်နဲ့ ငသတ် လိုက်ကြတယ် မဟုတ်လား။ သို့သော် မြန်မာ၃မှာ သင်ရေးမည်ဆိုလျှင်တော့....ကျနော်တို့ စာရေးသည့်အတိုင်း လက်ကနေပြီး ရေးရသည်အတိုင်း ရေးရပါတယ်။
အကယ်၍ ဒီနည်းအတိုင်း မလုပ်လိုဘူးဆိုလျှင်တော့ မြန်မာဖောင်တွေကို အွန်လိုင်းမရှိသော်လည်း ပြောင်းလို့ ရတဲ့ အော့လိုင်း Converter ကို အသုံးပြုပါ။ ဒီနေရာမှာဒေါင်းလုပ် ရယူပါ။ အထက်က ပုံအတိုင်း သင်ပြောင်းလိုသော ဖောင့်ကို ထည့်ပြီး ပြောင်းလိုတဲ့ ဖောင့်ကို ရွေးခြယ်ပြီး ကွန်ဘတ်လုပ်လိုက်ရုံပါပဲ။ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။
No comments:
Post a Comment