Friday 31 May 2013

ဖုန်းက Internet ကို ကွန်ပျူတာမှာ ချိတ်ဆတ်အသုံးပြုနည်း

ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။

အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။

Download Easytether For Phone From Zippyshare

Download Easytether For Phone From Solidfiles


အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။

Download Easytether For Computer From Zippyshare

Download Easytether For Computer From Solidfiles


အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။

အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။

အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။ 

Tuesday 28 May 2013

Saturday 11 May 2013

Tango For Pc

Tango ကို ကွန်ပျူတာမှာလညး အသုံးပြုလို့ရနေပါပြီ 
မသိသေးတဲ့ သူငယ်ချင်းတွေအတွက်
အကောင့်လုပ်နည်းကတော့ Viber နဲ့တူတူပါဘဲ 
ဖုန်းမှာလည်း Tango ရှိရပါမယ် ကွန်ပျူတာမှာ သုံးဖို့အတွက် ဖုန်းမှာအသုံးပြုခဲ့ ဖုန်းနံပတ်ကို ထည့်ပေးရပါမယ် ပြီးတော့ ဖုန်းမှာ အင်တာနက်ဖွင့်ထားပါ Tango ထဲကို မက်ဆေ့ဝင်လာပါမယ် 
ဝင်လာတဲ့ မက်ဆေ့ထဲက ကုတ်ကို ကွန်ပျူတာက Tango မှာထည့်လိုက်ရင် 
ဖုန်းထဲမှာအတိုင်း သူငယ်ချင်းတွေ တစ်ပါးတည်းမြင်ရမှာဖြစ်ပါတယ် 
ယူမယ်ဆိုရင်တော့ ယူလိုက်ပါ

Tuesday 7 May 2013

photoInstrument 6.2 Full မျက်နှာလေးကိုတောက်ပအောင်ပြင်နိုင်ပါတယ်

စိတ်ကြိုက်ဓါတ်ပုံတွေပြင်ဆင်ဖို့ အတွက်ဆော့ဝဲလ်ကောင်းလေးကို ဝါသနာပါတဲ့ သူများနဲ့ ပုံတွေကိုလန်းလန်းလေးဖြစ်အောင်လုပ်ချင်တဲ့သူများအတွက်ဒီဆော့ဝဲလ်လေးကို ပြန်မျှဝေပေးလိုက်တာပါ။ အရမ်းလွယ်ကူသ လို ပြင်ဆင်ပုံလေးတွေကလည်းလန်းပါတယ်အသားမဲ နေတဲ့ သူတယောက်ကိုလန်းအောင်လုပ်ပေးနိုင်ပါတယ်လုပ်ဆောင်ချက်ကတော့မျက်နှာကြမ်းနေတဲ့သူကို
မျက်နှာချောအောင်လုပ်ပေးပါတယ် ပုံထဲတွင်မလိုအပ်တဲ့ဟာတွေကိုမလိုသိလိုဖျက်လို့ရပါတယ်
ကဲသူငယ်ချင်းများလိုချင်ရတော့ ဒေါင်းလွတ်လေးကိုနိပ်လိုက်ပါ.......
download

Tuesday 23 April 2013

အင်္ဂလိပ်-ဂျပန် - ရုရှား - ထိုင်း - ကိုးရီယား ငါးဘာသာ အဘိဓာန်ဆော့ဝဲ

အင်္ဂလိပ်-ဂျပန် - ရုရှား - ထိုင်း - ကိုးရီယား ငါးဘာသာ အဘိဓာန်ဆော့ဝဲ

ဒီဆော့ဝဲလေးကတော့ ဘာသာစကား ငါးမျိုးကို အလွယ်တကူ ရှာလို့ လွယ်တာမို့ 

ပြည်တွင်းပြည်ပ အလုပ်သမားများ ကျောင်းသားများ သက်ဆိုင်ရာ ဘာသာစကား

အလွယ်လေ့လာနိုင်ဖို့  အထောက်ကူ ပြုပါလိမ့်မယ် ။ ကွန်ပျုတာမှာ ထည့်ထားရုံနဲ့ 

ဘာသာစကား ငါမျိုးကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါပြီ

netframe 3.5 ပေါ်အခြေခံထားတာမို့  Xp သမားများအနေနဲ့ 

အောက်ပါ link မှာ ဒေါင်းလိုက်ပါ 

စွယ်စုံကျမ်း မှကူးယူဖေါ်ပြထားပါတယ် download

Monday 15 April 2013

Android ဖုန်းထဲသို့ ကွန်ပျူတာမှတစ်ဆင့် ဖုန်းဆော့ဝဲသွင်းနည်း

Android app များရယူရန် => http://www.myanmarmobileapp.com/category/androidapp/
Android game များရယူရန် => http://www.myanmarmobileapp.com/category/androidgame/
Android ဖုန်း/Tablet စတင်သုံးစွဲတဲ့ Users တွေအတွက် Android ဖုန်း/Tablet ထဲသို့ application,game သွင်းပုံသွင်းနည်းကို Step by Step Tutorials အနေနဲ့ရှင်းပြပေးလိုက်ပါတယ်။
အရင်ဆုံး ကွန်ပျူတာကနေ ဖုန်းထဲကို app,game သွင်းဖို့ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ WonderShare Mobile Go ဆော့ဝဲကိုအောက်က link မှာရယူလိုက်ပါ။
WonderShare Mobile Go v3.0.1 (full version) အားရယူရန်

အပေါ်မှာပေးထားတဲ့ WonderShare Mobile Go ဆော့ဝဲကို ကွန်ပျူတာထဲကိုသွင်းပြီးသွားပြီဆိုရင်တော့ အခုသွင်းလိုက်တဲ့ WonderShare Mobile Go ဆော့ဝဲကိုဖွင့်လိုက်ပါ။ ( ကျွန်တော်တင်ပေးထားတဲ့ Wondershare Mobile Go ဆော့ဝဲကို full version ဖြစ်ဖို့အတွက် တင်ပေးထားတဲ့ zip ဖိုင်ထဲမှာ crk ဆိုတဲ့ ဖိုင်လေးပါပါတယ်။ အဲဒီထဲက .dll ဖိုင်လေးကို ကွန်ပျူတာထဲက C:Program FilesWondershareMobileGo for Android ဖိုဒါအောက်မှာသွားကူးထည့်ပေးလိုက်ရင် Wondershare Mobile Go ဆော့ဝဲက full version ဖြစ်သွားပါပြီ )
ပြီးရင် ဖုန်းရဲ့ USB Debugging Setting ကို On ပေးထားရမှာဖြစ်ပါတယ်။
-Android version 2.0 မှ 2.3.6 အထိဖုန်းများကို USB Debugging On နည်းကတော့ Setting > Application > Development > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။
-Android version 4.0 နှင့်အထက်ဖုန်းများကို USB Debugging On နည်းကတော့ Setting > Developer Options > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။
-ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ (USB ကြိုးဖြင့်) ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်လိုက်တယ်ဆိုရင် အောက်ကပုံထဲကအတိုင်း မိမိဖုန်းရဲ့ screen နဲ့ပေါ်လာပါမယ်။ ပေါ်လာပြီဆိုရင် app,game သွင်းဖို့အတွက် အောက်ပုံမှာပြထားတဲ့အတိုင်း Apps ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
(ပထမဆုံးစတင်ချိတ်ဆက်တဲ့ဖုန်းဆိုရင်တော့ ဖုန်း driver သွင်းတဲ့အချိန်ပါထည့်တွက်ရင် တစ်မိနစ်ခန့်ကြာပြီးမှ အောက်က screen မျိုးပေါ်လာမှာပါ)
ပြီးလျှင် ကွန်ပျူတာထဲတွင် အသင့် download လုပ်ထားသော android ဆော့ဝဲဖိုင် (apk ဖိုင်) ကိုရွေးပေးပါ။ ပြီးလျှင် Open ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ကဲ… အခုဆိုရင်တော့ မိမိရဲ့ဖုန်းထဲမှာ အခု ကွန်ပျူတာကနေ သွင်းလိုက်တဲ့ software လေးရောက်ရှိနေပြီဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
http://www.myanmarmobileapp.com ကူးယူဖော်ပြထားပါတယ်