Saturday 12 May 2012

Web sites အများအပြားနဲ့မိတ်ဆက်ပေးခြင်း

www.adobetutorialz.com
Adobe ရဲ့ Photoshop နဲ့သက်ဆိုင်တဲ့ လေ့လာစရာတွေကို ဖော်ပြပေးထားပါတယ်။ ဘာကစပြီးသုံးရမယ်၊ ဘယ် tool တွေက ဘာတွေလုပ် တယ်ဆိုတာကို သိပြီးတဲ့သူတွေအတွက် သင့်လျော်တဲ့ဆိုက်ဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုစီမှာ ပြုလုပ်ပုံတွေကို အတိအကျ ဖော်ပြထားသလို ဘယ် tool ကို ကိုင်တွယ်ပြီး လုပ်တယ်ဆိုတာကိုပါ ဖော်ပြထားလို့ ပြန်လည်လေ့ကျင့် လို့ရပါတယ်။ ဒီကနေပြီး ကိုယ့်စိတ်ကြိုက် ဖန်တီးမှုတွေပြုလုပ်တဲ့အ ခါမှာ လေ့လာခဲ့တဲ့ သင်ခန်းစာလေးတွေကို ပေါင်းစပ်ပြီး အတော်အသင့် ဖန်တီးမှုတွေပြုလုပ်နိုင်ပါလိမ့်မယ်။


www.1800flower.com
ဒီဆိုက်ကတော ပန်းတွေကို နှစ်သက်တဲ့သူတွေအတွက်ပါ။ ပန်းတွေကို မွေးနေ့အတွက် သို့မဟုတ် အခြားသီးသန့်ပြုပြင်ပြီး အလှထိုးတဲ့ပုံတွေကို လေ့လာနိုင်မှာဖြစ်ပြီး အံ့သြဖွယ်ရာ အလှဆင်ထားတဲ့ ပုံစံတွေကို တွေ့ရပါလိမ့်မယ်။ ပန်းအလှထိုးနည်းကို စိတ်ဝင်စားသူတွေ ၀င်ရောက်လေ့လာ လျှင်တော့ မဆိုးလှတဲ့ဆိုက်ပါ။ မတူညီတဲ့ အကြံဉာဏ်တွေကို ပေးနိုင်ပါလိမ့်မယ်။


www.totalhair.net
ဆံပင်ပုံစံတွေဟာ လူတွေရဲ့စတိုင်ကို ဖော်ဆောင်ပေးသလို လူတွေရဲ့ အလှအပကိုလည်း ဖော်ဆောင်ပေးပါတယ်။ ဆံပင်ပုံစံလှလှလေးတွေကို ဖော်ပြပေးထားလို့ နှစ်ခြိုက်တဲ့ပုံစံတွေကို ၀င်ပြီးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး တွေအတွက် သာမက အမျိုးသားတွေအတွက် ဆံပင်ပုံစံတွေပါရှိပါတယ်။


www.youdagames.com
3D ရုပ်ထွက်ကောင်းကောင်းနဲ့ ကစားနိုင်မဲ့ flash ဂိမ်းဝက်ဘ်ဆိုက် တစ်ခုကို မိတ်ဆက် တင်ပြပေးလိုက်ပါတယ်။ ၀က်ဘ်ဆိုက်ကို ဖွဲ့စည်းတည် ဆောက်ထားတဲ့ အရောင်တွေနဲ့ စီစဉ်ထားတဲ့ ကဏ္ဍတွေက ၀င်ရောက်လည်ပတ်သူတွေ စိတ်ဝင်စားအောင် ဆွဲဆောင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ကဏ္ဍတွေကို ရှုပ်ရှုပ်ထွေးထွေးနဲ့ မြင်တွေ့ရမှာမဟုတ်ဘဲ အတော်ကြီးကို ရှင်းရှင်းလင်းလင်းတွေ့ရ မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်မှာရှိတဲ့ ဂိမ်းတွေကို အွန်လိုင်းပေါ်မှာ တိုက်ရိုက်ကစားချင်တယ်ဆိုရင် တော့ အသုံးပြုတဲ့ အင်တာနက်မြန်နှုန်းပေါ်မှာ မူ တည်ပြီး loading ဆွဲယူတဲ့အချိန်တွေ ကွာခြားသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဂိမ်းတွေတော်တော် များများက 3D ဂိမ်းနီးပါး ရုပ်ထွက် ကောင်းနေတဲ့အတွက် loading ကို စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုအပ်ပါ တယ်။ ၀က်ဘ်ဆိုက်မှာပါဝင်တဲ့ ဂိမ်းတချို့ကို Full version အနေနဲ့ Download လုပ်ယူကစားချင် တယ်ဆိုရင် ငွေပေးသွင်းရမှာဖြစ်ပါ တယ်။ ဒီလိုမှ မဟုတ်ရင်တော့အွန် လိုင်းပေါ်မှာဘဲ ကစားလို့ရမှာ ဖြစ်ပါတယ်။ ဂိမ်းမှာကဏ္ဍခွဲတွေအနေနဲ့ ၉ ခုလောက် ခွဲခြားပေးထားတာကို တွေ့ရမှာဖြစ်ပြီး နှစ်သက်ရာဂိမ်း ကို သက်ဆိုင်ရာကဏ္ဍမှာ click ထောက်ပြီးဝင်ရောက် ကစားနိုင် ပါတယ်။ ဂိမ်းတွေကိုကစားတဲ့အခါမှာ အသုံးပြုရတဲ့ key တွေကတော့ သာမန် ၀က်ဘ်ဆိုက်တွေထက်စာရင် အနည်းငယ်များပါတယ်။ 3D ဂိမ်းကစားလိုသော အွန်လိုင်းဂိမ်း ကစားသူများအနေဖြင့် www.youdagames.com မှာဝင်ရောက် လေ့လာကစားနိုင်ပါတယ်။


www.hyperhistory.com
ကမ္ဘာ့သမိုင်းအကြောင်းကို လေ့လာလိုသူအတွက် ရည်ရွယ်ထားတဲ့ဆိုက် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းအကြာင်းမှာရှိတဲ့ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေအကြောင်းကို ဖော်ပြပေးထားပြီး နှစ်ပေါင်းသုံးထောင်အတွင်းက အကြောင်းအရာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ link တွေ နဲ့ တွဲဆက်ပေးထားတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ၊ သုတေသီတွေနဲ့ ဆရာတွေအတွက် ရည်ရွယ်ထားပါတယ်။

 www.animalcorner.co.uk
တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အများအပြား ဖော်ပြပေးထားပြီး ဒီဝက်ဘ်ဆိုက်ဟာ ကလေးတွေအတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ဖော်ပြပေးထားပါတယ်။ တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတော်ပြည့်စုံအောင် တင်ပြပေးထားပါတယ်။

 http://ringtones.msnemotions.org
Ringtone တွေကို အခမဲ့ရယူနိုင်တဲ့ဆိုက်ပါ။ ယခင်က မတွေ့ဘူးသေးတဲ့ ringtone တွေကိုတောင် တွေ့ပြီး ရယူနိုင်မှာဖြစ်တယ်လို့ ဒီဆိုက်မှာ ဖော်ပြပေးထားပါတယ်။ Virus တွေနဲ့ Spyware လို အရာတွေအတွက် စိတ်ချရတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။

 www.webmaster-directory.net
Webmaster-Directory ကတော့ webmaster တစ်ဦးဖြစ်ချင်သူ တွေအတွက် လိုအပ်တဲ့ လေ့လာမှုတွေကို ဖော်ပြပေးထားတဲ့ဆိုက် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုမဲ့သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ပေးထားပါတယ်။ ကောင်းမွန်တဲ့ link တွေကို ထည့်ပေးထားပါတယ်။ ဒီအရင်းအမြစ်ဟာ ဗဟုသုတနဲ့ ဉာဏ်ပညာအရွယ် အတွက်လို့ ပြောဆိုပါတယ်။

 www.myanmarhealthcare.com
ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို လေ့လာဖတ်ရှုနိုင်မယ့် ကျန်းမာရေးဆိုင်ရာ မြန်မာဝက်ဘ်ဆိုက်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ www.myanmarhealthcare.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာစဉ်တွေကို ဖော်ပြပေးထားပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ရရှိနိုင်မယ့် အလှအပနှင့် ကျန်းမာရေး၊ အစားအသောက်အနေအထိုင်၊ လူနေမှု ဘ၀ပုံစံတွေကို ကဏ္ဍအလိုက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးအတွက် သိသင့်သိထိုက်တဲ့ အစားအသောက်အညွှန်း၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကိုလည်း လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဗဟုသုတတွေကို ဖတ်ရှုလေ့လာနိုင်တဲ့အပြင် ပါဝင်တဲ့ကဏ္ဍတွေကို အီးမေးလ်ကနေ Newsletter အနေနဲ့ ရယူလို့ ရနိုင်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်မှာ ဖော်ပြပေးခဲ့ဖူးတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို ပြန်ပြီးဖတ်ရှုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ အသိပညာတွေကို အွန်လိုင်းပေါ်မှာ လေ့လာဖတ်ရှုချင်တဲ့သူတွေအတွက် ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာ သင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။

 http://www.heirloomroses.com
ဒီဆိုက်ကတော့ နှင်းဆီပန်းတွေကို နှစ်သက်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ နှင်းဆီပန်းတွေကို စိုက်ပျိုးပုံတွေနဲ့ နှင်းဆီပန်းတွေရဲ့ အမျိုးမျိုးသော မျိုးရင်းတွေကို တွေ့ရှိ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ နှင်းဆီပန်းတွေကို ရောင်းချတဲ့သူတွေအတွက်ပါ ပါသလို လိုတဲ့ သတင်းအချက်အလက်တွေကို ဒီ ဆိုက်ထဲမှာ ရယူနိုင်မှာ ဖြစ်ပါတယ်။
http://www.thegarage.com.au
ကားဝါသနာအိုးတွေအတွက် နှစ်သက်မည့်ဆိုက် ဖြစ်ပါတယ်။ ဈေးကြီးတဲ့ကားတွေကို လေ့လာသုံးသပ်တင်ပြထားပြီး ရေးသားတင်ပြထားသူ က ကားဝယ်တဲ့အခါမှာ လိုချင်တဲ့ကားတွေကို မှန်ကန်စွာ လေ့လာသုံးသပ်ပြီး ၀ယ်ယူနိုင်ဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။ အချို့သော သုံး သပ် တင်ပြထားမှုတွေကတော့ ရင်းနှီးသိရှိပြီးသား ဖြစ်ပါလိမ့်မယ်။


http://pbskids.org
PBSkids.org ကလေးငယ်တွေအတွက် အတော့်ကို သင့်တော်တဲ့ ဆိုက်ပါ။ ဒီဆိုက်ထဲမှာ ဂိမ်းတွေ၊ ပုံပြင်တွေ၊ သီချင်းတွေနဲ့ ကလေးငယ်တွေအတွက် အခြားသောအရာတွေ ထည့်ပေးထားပါတယ်။ ကလေးငယ်တွေအတွက် သင့်လျော်တဲ့ဂိမ်းတွေကို link လုပ်ပေးထားတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
 www. freegamepick.com
ကွန်ပျူတာဂိမ်းကစားသူများအနေ ဖြင့်အွန်လိုင်းပေါ်တွင်ရှိသောဇာတ် လမ်းသွားဂိမ်းများနှင့်တခြားစိတ် အပန်းဖြေစရာဂိမ်းများကိုမိမိကွန် ပျူတာထဲသို့Download လုပ်ယူ ၍ကစားနိုင်ကြောင်းဂိမ်းကစားသူ တစ်ချို့မှသိရှိရသည်။ ကွန်ပျူတာဂိမ်းနှင့်ပတ်သက်၍အွန် လိုင်းပေါ်တွင်တိုက်ရိုက်ကစားသူများ ရှိသလိုမိမိ PC ထဲတွင် Install လုပ်၍ကစားသူများလည်းရှိရာ PC ထဲတွင် Install လုပ်ကစားသူ များအနေဖြင့်ဇာတ်လမ်းသွားဂိမ်း အရှည်များနှင့်တခြားသောစိတ်ဝင် စားဖွယ်ရာဂိမ်းများကို Full version အနေဖြင့်ရယူကစားနိုင် ကြောင်းသိရှိရသည်။www. freegamepick.com မှာတင်ထား တဲ့ဂိမ်းတွေတော်တော်များများကို download လုပ်ပြီးကိုယ့်ရဲ့ လုပ်ပြီးကွန်ပျူတာထဲမှာ Install လုပ်ကစားမယ်ဆိုရင်အချိန်အ ကန့်အသတ်မရှိကစားနိုင်တာကိုတွေ့ ရပါတယ်။ ဇာတ်လမ်းသွားဂိမ်းအ ရှည်တွေကို download လုပ်ယူ ကစားချင်တယ်ဆိုရင်တော့ www. freegamepick.com မှာအများ ဆုံးရယူကစားနိုင်ပါတယ်” ဟု၎င်းင်း မှထပ်မံပြောကြားသွားခဲ့သည်။


www.garden.com
ဥယျာဉ်ခြံဝန်းထဲမှာ ပန်းပင်တွေကိုအလှဆင်တာ၊ အိမ်တွင်းမှာ အလှဆင်တာနဲ့ သစ်ပင်၊ ပန်းပင်တွေအကြောင်း စိတ်ဝင်စားသူတွေအတွက်ပါ။ သဘာဝပစ္စည်းတွေနဲ့ ဘယ်လိုမျိုးလှပပြီးတော့၊ စိတ်ကူးယဉ်ဆန်ဆန် နေထိုင်ရမလဲလို့ စိတ်ဝင်စားသူမျိုးတွေအတွက် ကြိုးပမ်းပြီး ဖော်ပြပေးထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြတ်နိုးသူတွေနဲ့ သဘာဝတရားကို နှစ်သက်သူတွေ စိတ်ဝင်စားနိုင်တဲ့ ဆိုက်ပါ။

 www.oswd.org
Open Source Web Design ကတော့ Web design template တွေကို အခမဲ့ download ရယူနိုင်တဲ့ ဆိုက်ဖြစ်ပါတယ်။ ပြီးတော့ဒီ template တွေကို အခြားသူတွေနဲ့ပါမျှပြီး သုံးစွဲခွင့်ပြုထားပါတယ်။ ဒီဆိုက်မှာပေးထားတဲ့ template လေးတွေက ရိုးရှင်းပြီးအမြင်ရှင်းတဲ့ template လေးတွေဖြစ်ပါတယ်။ လေ့လာကစ လူငယ်တွေအတွက် အကြံဉာဏ်အချို့ ရနိုင်မယ်လို့ ထင်ပါတယ်။


www.orchidworks2.com/default2.asp
ဒီဆိုက်ကတော့ သစ်ခွတွေအကြောင်းကိုပဲ သီးခြားဖော်ပြပေးမည့် ဆိုက်ဖြစ်ပါတယ်။ သစ်ခွတွေအကြောင်းကို ဓာတ်ပုံတွေနှင့်တကွ အသေ အချာဖော်ပြပေးထားပြီး အုပ်စုတွေကို အက္ခရာအစဉ်လိုက်ဖော်ပြပေး ထားပါတယ်။ သစ်ခွရဲ့ အမျိုးအစား၊ တွေ့ရှိရာဒေသ၊ ပန်းပွင့်တဲ့ရာသီအစ ရှိသည်ဖြင့် အပြည့်အစုံကို ဖော်ပြပေးထားတဲ့အတွက် သစ်ခွပန်းပင်တွေ နှစ်သက်မြတ်နိုးသူတွေ စိတ်ဝင်စား နိုင်မည့် ဆိုက်တစ်ခုဖြစ်ပါတယ်။


www.creatingonline.com
အွန်လိုင်းမှာသုံးစွဲနိုင်မည့် ဓာတ်ပုံတည်းဖြတ်ဖို့နဲ့ ၀က်ဘ်ဒီဇိုင်းပြုလုပ် ဖို့အတွက် အခမဲ့ tool တွေကိုဖော်ပြပေးထားတဲ့ ဆိုက်ဖြစ်ပါ တယ်။Website templates, Online Image Editing Tools, Online Webmaster Tools။ အစရှိသဖြင့် တွေ့ရမှာဖြစ်ပြီး အချို့ အရာတွေက တော့ ၀န်ဆောင် ခပေးရမှာဖြစ်ပါတယ်။ သာမန်ဝက်ဘ်ဆိုက် template တွေနဲ့ ၀က်ဘ်ဒီ ဇိုင်းလေးတွေကို မိမိဘာသာ ဖန်တီးပြုလုပ်နိုင်အောင် စီမံပေးထားပါတယ်။ ပြီးတော့ ပြုလုပ်ပြီးသား template တွေ၊ 3D Textmaker တွေ၊ button တွေ အစရှိ သဖြင့် အခမဲ့ရယူနိုင်အောင် စီမံပေးထားတာတွေလည်း အများအပြားရှိပါတယ်။


http://friends18.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်လေးကတော့ အွန်လိုင်းမှတဆင့် မိမိ၏သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေများထံသို့ ပျော်ရွှင်ဖွယ်ဓါတ်ပုံများ၊ ပို့စ်စကတ်များ၊ လှုပ်ရှားနေသော Animation ရုပ်ပုံများ၊ ဟာသများ အစရှိသည်တို့ကို မျှဝေပေးနိုင်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ထို့ပြင်မိမိလိုချင်သောဓါတ်ပုံနှင့် ဟာသများကို အခမဲ့အလွယ်တကူ download လုပ်ကာရယူနိုင်ပါတယ်။ ဆိုက်တွင်းဖော်ပြပေးထားသော ဓါတ်ပုံမြောက်များစွာ တွေ့မြင်ရပြီး အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားဖော်ပြပေးထားပါတယ်။ ထို့ပြင် Flash Animation များကို မြောက်များစွာရယူနိုင်ပြီး သီချင်းများ၊ ဟာသများ မိမိနှစ်သက်သောဓါတ်ပုံများကိုလည်း Upload ပြုလုပ်နိုင်ပါတယ်။ Animation ပုံ များအား A မှ Z အထိ စီစဉ်ပေးထားသောကြောင့် ရှာဖွေရာမှာလွယ်ကူစေပါတယ်။

 www.jegsworks.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ကွန်ပျူတာနည်းပညာနှင့်ပတ်သက်ပြီး အခြေခံနည်းပညာများ၊ သင်ခန်းစာများ၊ ဗဟုသုတများကို ဝေေ၀ဆာဆာဖော်ပြထားတဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ကွန်ပျူတာ နည်းပညာနှင့်ပတ်သက်ပြီး အဓိကကျသော Windows ပိုင်း၊ words ၊ Basic ပိုင်းတို့ကို ဦးစားပေးဖော်ပြထားပြီး အဆင့်ပိုင်းများဖြစ်သည့် Web နှင့် Database အပိုင်းများကိုလည်း လေ့လာနိုင်ပါတယ်။ ကွန် ပျူတာတစ်လုံး၏ အလုပ်လုပ်ပုံများ၊ ဆော့ဖ်ဝဲများ အစရှိသဖြင့် ဖော်ပြထားသောအကြောင်းအရာများအလိုက် ခေါင်းစဉ်များခွဲခြားပေးထားပါတယ်။ အခက်အခဲမရှိလေ့လာနိုင်စေရန်အတွက် သရုပ်ပြပုံများထည့်သွင်းပေးထားခြင်းကြောင့် လေ့လာ ရာတွင်ပိုမိုလွယ်ကူစေပါတယ်။

 www.bcot1.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ကွန်ပျူတာနှင့်ပတ်သက်ပြီး အကြောင်းအရာမျိုးစုံကို tutorial အနေဖြင့်လေ့လာနိုင်စေရန် ဖော်ပြပေးလိုက်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ကွန်ပျူတာနှင့်ပတ်သက်၍ tutorial များအား ခေါင်းစဉ်များအလိုက် ခွဲခြားဖော်ပြပေးထားပြီး အခြေခံမှစတင်လေ့လာလိုသူများအတွက် အဆင်ပြေစေနိုင်မယ့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်တွင်းကွန်ပျူတာနှင့်ပတ်သက်၍ Overview ဖော်ပြချက်များ၊ IE အသုံးပြုပုံများ၊ Virus နှင့် Spyware ကာကွယ်တားဆီးပုံများ အခြားအသုံးပြုမှုများသော Keyboard shootcuts များကိုဖော်ပြပေးထားပြီး လေ့လာရာတွင် လွယ်ကူအောင်ပြုလုပ်ထားပါတယ်။ ဆိုက်အတွင်း ဖော်ပြပေးချက်များမှာ ရိုးရှင်းပြီး အကြောင်းအရာများကို အလွယ်တကူရှာဖွေပေးနိုင်စေရန်အတွက် Search bar ထည့်သွင်းပေးထားပါတယ်။

 www.the-movie-times.com
သရုပ်ဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ရုပ်ရှင်၊ ဗီဒီယိုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ၊ ပါဝင်သောသရုပ်ဆောင်များ၏ ကိုယ်ရေးအချက်အလက်များ ၊ ဓါတ်ပုံများ၊ Top Ten ဗီဒီယိုများ၊ အသစ်ထွက်ဇာတ်ကားများကို ဖော်ပြပေးထာတဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ခုနှစ်သက္ကရာဇ်အလိုက်ထွက်ရှိခဲ့သောဇာတ်ကားများနှင့် ၎င်းတို့ရရှိသောဝင်ငွေများ၊ မကြာမီထွက်ရှိမည့်ဇာတ်ကားများကို ခေါင်းစဉ်အလိုက် ဖော်ပြပေးထားပါတယ်။ ဇာတ်ကားများကိုရှာဖွေရာတွင်အသုံးပြုနိုင်သော Search bar ထည့်သွင်းပေးထားပြီး ဇာတ်ကားများ၏ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက်များကိုလည်း မြင်တွေ့ရပါတယ်။

 www.edufind.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ဘာသာစကားလေ့လာလိုသူများအတွက် လွယ်ကူအဆင်ပြေစေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဘာသာစကားများကိုလေ့လာရာတွင် English, Spanish, Italian, French, German အစရှိသဖြင့် ဘာသာစကားပေါင်းမြောက်များစွာ ထည့်သွင်းပေးထားပါတယ်။ စကားပြော၊ သဒ္ဒါနှင့် Vocabulary တိုးတက်စေနိုင်ဖို့အတွက်ရည်ရွယ်ထားပြီး သင်ကြားရာတွင်လွယ်ကူစေရန်အတွက် ဗီဒီယိုဖိုင်များ၊ ဆော့ဖ်ဝဲများ၊ e-book များကိုလည်းတွေ့ရှိရပါတယ်။ ဆိုက်အတွင်းလေ့လာရာတွင် လွယ်ကူစေရန်အတွက်အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားပေးထားပြီး ဆိုက်၏အပြင်အဆင်မှာလည်း ရိုးရှင်းကာဆွဲဆောင်မှုရှိပါတယ်။


http://www.myanmarengineer.org/forums/archive/index.php/t-3506.html?s=17459ac2f75896ce94e9fda23e5d4282

No comments:

Post a Comment